တောင်တွင်းကြီးတွင်(၈)တန်းကျောင်းသားတစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွား


တောင်တွင်းကြီး  စက်တင်ဘာ (၁၈)

မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ကန်တော်ကြီးကန်အတွင်း  စက်တင်ဘာလ(၁၈)ရက် နံနက်(၁၁)နာရီခွဲ အချိန်ခန့်က (၈)တန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နံနက်(၁၀)နာရီအချိန့်က တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၁)ရပ်ကွက်၊ အပိုင်း(၃)နေ ကျော်တင်စိုး၊ ဟန်ကိုလွင်၊ ပိုင်မင်းသူ၊ ရဲဇော်နိုင်၊ မင်းဝေအောင်တို့(၅)ဦးသည် ကန်တော်ကြီး ကန်အတွင်းရေစီးဝင်နေသော အနက်(၁၈)ပေ၊အကျယ်(၁၅)ပေရှိ ရေစီးမြောင်းပေါ်ရှိ တံတားပေါ်တွင်ထိုင်နေကြကြောင်း၊(၁၁)နာရီခွဲအချိန်ခန့်တွင် ပိုင်မင်းသူမှရေဆင်းချိုးကာ ရေနစ်နေ၍ မင်းဝေအောင်မှဆင်း၍ဆယ်ယူပြီး ပိုင်မင်းသူအားဘောင်ပေါ်သို့တွန်းတင်ပေးခဲ့ကြောင်း၊ မင်းဝေအောင်မှာ ရေမြောင်းအတွင်းနစ်မြုပ်ကာပြန်ပေါ်မလာတော့ခြင်းဖြစ်ကြောင်း အတူရှိနေသူ ရဲဇော်နိုင်ပြောပြချက်အရသိရှိရကြောင်းမှတ်တမ်းများအရသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်တွင်းကြီးမြို့၊ရွှေကြာအင်း(၁)ရပ်ကွက်နေ(ဘ)ဦးအောင်မြိုင်၏သား (သ)၁၄နှစ်ရှိ မောင်မင်းဝေအောင် (၈)တန်း၊အထက(၂)သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်စစ်ဆေးနိုင်ရန် တောင်တွင်းကြီး ရဲတပ်ဖွဲ့စခန်း သေမှုသေခင်းအမှတ်စဉ်(၁၁/၂၀၁၃)ဖြင့် ခေတ္တစခန်းမှူး ဒုတိယရဲအုပ်စိုးရာဇာမှအမှုဖွင့်လှစ်ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။

တောင်တွင်းကြီး မီဒီယာ

by Myanmar News Now

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ