နန်းခင်ဇေယျာ၏ ပထမဆုံးပီဒီယိုဇာတ်ကားကို နိုဝင်ဘာလတွင် စတင်ရိုက်ကူးမည်

နန်းခင်ဇေယျာရဲ့ ပထမဆုံးပွဲဦးထွက် ဗီဒီယိုဇာတ်ကားကို နိုဝင်ဘာလအတွင်းစတင်ရိုက်ကူးမည်ဖြစ်ပြီး ယခုအခါ တွင် ယင်းဇာတ်ဝင်ခန်းမအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်နေပြီဖြစ်ကြောင်း နန်းခင်ဇေယျာက မဇ္ဈိမသို့ ပြောသည်။

ယင်းဗီဒီယိုဇာတ်ကားမှာ စာရေးဆရာမ ယဉ်မင်းဦး(ဆေးတက္ကသိုလ်) ၏ ထင်ရှားသည့် “အက်တိုးပစ် အပျိုစင်” ၀တ္ထုဖြစ်ပြီး မင်းခိုက်စိုးစံက ဇာတ်ညွှန်းရေးသားကာ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ခန့်စည်သူ၊ နန်းခင်ဇေယျာတို့ဖြင့် ရိုက်ကူးမည်ဖြစ်သည်။

နန်းခင်ဇေယျာက “အခု ပထမဆုံးရိုက်ကူးမယ့်ဇာတ်ကားအတွက် ၀တ္ထုဖတ်တယ်။ ဒိုင်ယာလော့တွေ ဖတ်တယ်။ ဒီဇာတ်ကားထဲမှာ ဆရာဝန်မပုံစံမျိုးသရုပ်ဆောင်ရမှာဆိုတော့ အ၀တ်အစားကိုလည်း အခု လက်ရှိဆရာမ ပုံစံလေးတွေလို ချုပ်ဖို့စဉ်းစားထားတယ်။ ရှုတင်တွေလိုက်လေ့လာတယ်။ ပထမဆုံးဇာတ် ကားဖြစ်တဲ့အတွက် အများကြီးကြိုးစားရမှာပါ။ လက်ရှိမှာ ဒီတစ်ကားပဲလက်ခံထားပါတယ်။နောက်ပိုင်း ဇာတ်ရုပ်တွေကို လေ့လာပြီး ဇာတ်ကားတွေရွေးပြီးလက်ခံသွားမှာပါ” ဟုဆိုသည်။

၎င်းဝတ္ထုသည် ကလေးပျက်ခဲ့စဉ်က မိမိကိုယ်တိုင်ကုသပေးခဲ့ရသည့် မိန်းကလေးတစ်ဦးအား အပျိုစင်တစ်ဦး အမှတ်ဖြင့် မိမိချစ်သူကလက်ထပ်ယူသွားခဲ့သည့်အကြောင်းအရာကို တင်ပြထားသောလူတို့၏ စံသတ်မှတ်မှုများ အပေါ် မေးခွန်းထုတ်ထားသည့်ဇာတ်လမ်းဖြစ်သည်။ အက်တိုးပစ် အပျိုစင်ဇာတ်ကားကို Lucky Boss ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးမှ ရိုက်ကူးထုတ်လုပ်မည်ဖြစ်သည်။

ပန်းမြတ်ဇော် - Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ