အာဆင်နယ်က ဒီနှစ် ဖလားမရရင် ထွက်မယ်လို့ ကြွေးကြော်ထားတဲ့ အာစင်ဝင်းဂါး နေရာကို အစားထိုးဖို့ ပြင်ဆင်ပြီ

အာဆင်နယ် အသင်း တာဝန်ရှိသူများသည် ယခုနှစ် ရာသီအကုန်တွင် ဖလားလက်မဲ့ ဆက်လက် ဖြစ်သွားမည် ဆိုပါက အသင်းမှ ထွက်ခွာမည်ဟု ကြွေးကြော်ထားသော အာစင်ဝင်းဂါးနေရာကို အရံသင့် အစားထိုးနိုင်ရန် ပြင်ဆင် နေကြသည်။

လက်ရှိ အာဆင်နယ် အသင်းဖြင့် ချုပ်ဆိုထားသော အာစင်ဝင်းဂါး၏ စာချုပ်မှာ ယခုနှစ် ရာသီအကုန်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။ Sportmediaset ၏အဆိုအရ အာဆင်နယ် ဘုတ်အဖွဲ့သည် အာစင်ဝင်းဂါး ထွက်ခွာသွားပါက ၂၀၁၁-၁၂ ဘောလုံးရာသီက ဂျုဗင်တပ်စ်အတွက် စီးရီးအေ ဖလားကို ရှုံးပွဲမရှိ စံချိန်ဖြင့် သမိုင်းဝင် ဆွတ်ခူးပေးထားသော ကွန်တီကို လျာထားကြောင်း သိရသည်။

လက်ရှိ ကွန်တီမှာ ဂျုဗင်တပ်စ် ဘုတ်အဖွဲ့ဖြင့် ကတောက်ကဆဖြစ်ပြီး အပြန်အလှန်ဝေဖန်မှုများ ပြုလုပ်နေခဲ့ကြသည်။ အကြောင်းမှာ ဂျုဗင်တပ်စ် ဘုတ်အဖွဲ့သည် ဂီယာချာရီနီနှင့် မာထရီတို့အား ၎င်း၏ ဆန္ဒ မပါပဲ ရောင်းထုတ်ခဲ့သောကြောင့် ကွန်တီသည် စိတ်ဆိုး ဒေါသထွက်၍ ဝေဖန်ခဲ့ခြင်း ဖြစ်သည်။


FOOTBALL CAFE

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ