ကေတီပရိုက်စ်ကို ငွေညှစ်သူတစ်ဦးအား ရဲတပ်ဖွဲ့ဖမ်းဆီး

ကေတီပရိုက်စ်ကို ငွေညှစ်သူတစ်ဦးအား ရဲတပ်ဖွဲ့ဖမ်းဆီး အသက်(၃၅)နှစ်ရှိ ကေတီသည် ထိုစဉ်က (အမည်ဖော်မပြသော ချစ်သူနှင့်) လိင်ပိုင်းဆိုင်ရာ နှိုးဆွသော ဓာတ်ပုံများ ရိုက်ယူထားပြီး ယင်းပုံများ အခိုးခံရခြင်း ဖြစ်သည်။
သူမကို ငွေညှစ်ရန် ကြိုးစားသူ တစ်ဦးကို ရဲများက ဖမ်းဆီးခဲ့ကြောင်း ကေတီပရိုက်စ်က အတည်ပြု ပြောကြားခဲ့သည်။ ဗြိတိသျှ နာမည်ကြီး မော်ဒယ်လ်က လူတစ်ဦးသည် သူမ၏ မလျော်မကန် ဓာတ်ပုံများကို ခိုးယူပြီး ငွေညှစ်ရန် ကြိုးစားခဲ့ကြောင်း၊ ယခုအခါ ရဲများက ထိုသူအား ထိန်းသိမ်းထားပြီဖြစ်ကြောင်း Twitterတွင် ရေးသားထားခဲ့သည်။ သူမနှင့် ချစ်သူဟောင်း တစ်ဦးတို့၏ ဓာတ်ပုံများကို သူမ၏ နေအိမ်အတွင်းမှ ထိုသူက ခိုးယူသွားခြင်းဟု ကေတီက ဆိုသည်။ အသက်(၃၅)နှစ်ရှိ ကေတီသည် ထိုစဉ်က (အမည်ဖော်မပြသော ချစ်သူနှင့်) လိင်ပိုင်းဆိုင်ရာ နှိုးဆွသော ဓာတ်ပုံများ ရိုက်ယူထားပြီး ယင်းပုံများ အခိုးခံရခြင်း ဖြစ်သည်။

ကေတီက "လူတစ်ယောက်ဟာ ကျွန်မကို ငွေညှစ်ဖို့ ခြိမ်းခြောက်ခဲ့တဲ့အတွက် အဖမ်းခံထားရပါပြီ။ ကျွန်မဆီက ခိုးသွားတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး ငွေညှစ်တာကြောင့်ပါ။ ခုချိန်မှာ အခိုးခံရတဲ့ ဓာတ်ပုံအားလုံး ပြန်ရဖို့ ခြေတစ်လှမ်း နီးလာပြီလို့ ထင်ပါတယ်"ဟု ကေတီက မှတ်ချက်ပြုခဲ့သည်။ သူမက အဆိုပါ ပုံရိပ်များကြောင့် သူမနှင့် လက်ရှိ ခင်ပွန်းသည် ကိုင်ရန်ဟေလာတို့၏ ဆက်ဆံရေးကို ထိခိုက် စေမည် မဟုတ်ကြောင်းလည်း ဆိုသည်။ "ဒီဓာတ်ပုံတွေ၊ လိင်နဲ့ဆိုင်တဲ့ ပုံတွေကြောင့် ကျွန်မရဲ့ အိမ်ထောင်ရေးကို ဘာမှ မထိခိုက်နိုင်ပါဘူး။ ဒီအတွက် ကျွန်မ လုံးဝလည်း စိတ်မပူဘူး"ဟု ကေတီက အာမခံသွားခဲ့သည်။ Playboyကဲ့သို့ မဂ္ဂဇင်းများအတွက် ဝတ်လစ်စားလစ် ဓာတ်ပုံများ အရိုက်ခံဖူးသည့် ကေတီသည် (၁၉၉၉)ခုနှစ်က ချစ်သူဟောင်း ဒိန်းဘိုဝါးစ်နှင့် ချစ်တင်းနှီးနှောသည့် အပြာဗီဒီယို မှတ်တမ်းများ ခိုးယူခံရသဖြင့် နာမည်ကြီးခဲ့ဖူးသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ