လေဒီ ကိုင်ရာ ဗီစီဒီကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားထားဟု N ကိုင်ရာဆို


အတွဲခွေတွေမှာ ပါဝင်ခဲ့တဲ့ ကိုယ်မညာတော့ဘူး၊ ဒီရင်မှာ စတဲ့ သီချင်းတွေကြောင့် ပရိသတ် လက်ခံတဲ့ တေးသံရှင် တစ်ယောက် ဖြစ်ခဲ့တဲ့ N ကိုင်ရာက သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် စီးရီး လေဒီ ကိုင်ရာကို စီဒီအဖြစ် ထွက်ရှိစဉ်က လိုအပ်ချက်တွေ များစွာ ရှိခဲ့တဲ့အတွက် အားမရ ခဲ့ပေမယ့် ဗီစီဒီကိုတော့ ပရိသတ်တွေအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားထားကြောင်း The Voice ကို ပြောပါတယ်။

“ဒီခွေအတွက် ကိုင်ရာ သီချင်း လေးပုဒ်လောက် ရိုက်ပြီးသွားပြီ။ ဆက်ရိုက်ဖို့ က ကိုင်ရာ့ အဖေရဲ့ ကျန်းမာရေးကြောင့် ခဏ နားထားတာပါ။ သီချင်းတွေ ကိုတော့ တရုတ်ပြည်ဘက်မှာ ရိုက်ထားတယ်။ ကိုင်ရာကတော့ အဆိုတော် တစ်ယောက် သီချင်းဆိုတဲ့ ပုံစံနဲ့ပဲ သရုပ်ဆောင်ထားပါတယ်။ အဖေ့ ကျန်းမာရေး ကောင်းတာနဲ့ မော်ဒယ်လ်တွေနဲ့ နယ်ဘက်တွေ ထွက်ပြီး ရိုက်ကူးဖို့ ရှိပါတယ်။ လေဒီကိုင်ရာ ခွေကို စီဒီ ထွက်ပြီးသွားတော့ ပရိသတ်တွေက ပါတဲ့ သီချင်းတွေကို ကြိုက်တယ်လို့ ပြောကြပေမယ့် ကိုင်ရာ ကိုယ်တိုင်တော့ သိပ် အားမရလိုက်ဘူး။ ဒါကြောင့် ဗီစီဒီမှာတော့ ပရိသတ်တွေအတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး ရိုက်ကူးမယ်လို့ ကိုင်ရာ ဆုံးဖြတ်ထားပါတယ်” လို့ N ကိုင်ရာ က ဆိုပါတယ်။

လတ်တလော N ကိုင်ရာရဲ့ အနုပညာ လှုပ်ရှားမှု အနေနဲ့ ကတော့ တေးရေး စောနဲသာရဲ့ အမှတ်တရ စီးရီးမှာ ပါဝင် သီဆိုဖို့ ရှိသလို ဟန်ထွန်း၊ Rဇာနည်၊ ဇော်ပိုင်၊ L ဆိုင်းဇီ စတဲ့ တေးသံရှင်တွေနဲ့ တွဲဖက် သီဆိုထားတဲ့ ရွှေရောင် နေ့ရက်များ ဗီစီဒီလည်း ထွက်လာဖို့ ရှိနေပါတယ်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ