ဖျော်ဖြေပွဲအတွင်း ရုရှား အလံကို မဖွယ်မရာ လုပ်ပြခဲ့သည့် Bloodhound Gung အဖွဲ့ကို ရုရှား အာဏာပိုင်များ စစ်မေး


နာမည်ကျော် အမေရိကန် ရော့ခ်ဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Bloodhound Gung အဖွဲ့ဟာ ယူကရိန်း နိုင်ငံမှာ ပြုလုပ်တဲ့ ဂီတပွဲတော် တစ်ခုမှာ ရုရှား အလံကို မဖွယ်မရာ လုပ်ပြခဲ့မိတဲ့အတွက် ရုရှား အာဏာပိုင်တွေရဲ့ စစ်မေးခြင်းကို ခံနေရတယ်လို့ hollywoodreporter.com မှာ ဖော်ပြထား ပါတယ်။

Bloodhound Gung အဖွဲ့ဟာ ယူကရိန်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ရုရှား ဂီတပွဲတော် တစ်ခုမှာ ဖျော်ဖြေနေစဉ် သူတို့ အဖွဲ့ရဲ့ ဘေ့စ် ဂီတာသမား ဂျရယ်လ်ဟက်ဆယ်လ်ဟော့ဖ်က ပရိသတ်ဘက်ကို လှည့်ကာ ရုရှားအလံကို သူ့ရဲ့ဘောင်းဘီထဲ ထိုးထည့်ပြီး ပြန် ဆွဲထုတ်ပြခဲ့တဲ့ အတွက် ဂီတပွဲတော်ကနေ ထုတ်ပယ်ခံခဲ့ရတဲ့အပြင် လတ်တလောမှာ ရုရှား အာဏာပိုင်တွေရဲ့ ခေါ်ယူ စစ်မေးခြင်းကိုပါ ခံနေရတာ ဖြစ်ပါတယ်။

ဂျရယ်လ်ဟက်ဆယ်လ်ဟော့ဖ်ဟာ ရုရှားအလံကို ဘောင်းဘီထဲ ထိုးထည့်ပြီး တဲ့နောက်မှာ ပရိသတ် တွေကို “ပူတင် (ရုရှားသမ္မတ) ကို ပြန်မပြောနဲ့” လို့လည်း အော်ဟစ်ခဲ့ပါသေးတယ်။

ဂျရယ်လ်ဟက်ဆယ်လ်ဟော့ဖ်ရဲ့လုပ်ရပ်ကို အဲဒီဖျော်ဖြေပွဲကို ရိုက်ကူးထား တဲ့ ဗီဒီယိုကနေတစ်ဆင့် ရုရှား အာဏာပိုင်တွေက သိရှိသွားပြီး သူတို့ အဖွဲ့ကို ခေါ်ယူ စစ်မေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရုရှား အစိုးရ ရှေ့နေတွေက Bloodhound Gung အဖွဲ့ကို ဥပဒေကြောင်းအရ တရားစွဲဆိုဖို့ပါ ပြင်ဆင်နေပြီလို့လည်း New York Daily သတင်းစာမှာ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်အရ သိရပါ တယ်။

ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး Bloodhound Gung အဖွဲ့ရဲ့ ဘေ့စ် ဂစ်တာ သမား ဟက်ဆယ်လ်ဟော့ဖ် ကတော့ သြဂုတ်လ ၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ သူ့အနေနဲ့ ရုရှားနိုင်ငံကို စော်ကားလိုတဲ့ သဘောနဲ့ အခုလို လုပ်ခဲ့တာ မဟုတ်ကြောင်း ရှင်းပြပြီး ပြန်လည် တောင်းပန် ထားပါတယ်။

Bloodhound Gung အဖွဲ့ကို ၁၉၉၂ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ညစ်ညမ်းတဲ့ သီချင်းစာသား တွေကို သီဆိုလေ့ရှိတဲ့ အဖွဲ့အဖြစ် နာမည်ကျော်တဲ့ အဖွဲ့ တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ