သရုပ်ဆောင် ဆောင်ဂျွန်းကီ သြဂုတ်လ နောက်ဆုံးပတ် စစ်မှုထမ်းမည်


ဆောင်ကျန်ကွမ် အရှုပ်တော်ပုံ (Sungkyunkwan Scandal) ဇာတ်လမ်းတွဲ မှာ ဂိုရောင်ဟ နေရာမှာ သရုပ်ဆောင်ပြီး ပရိသတ် ချစ်ခင်မှုကို ရရှိထားတဲ့ သရုပ်ဆောင် တေးသံရှင် ဆောင်ဂျွန်းကီ(Song Joong Ki) ဟာ သြဂုတ်လ ၂၇ ရက်နေ့မှာ စစ်မှုထမ်းဆောင်ရတော့မှာ ဖြစ်တယ်လို့ The Korea Time သတင်းမှာ ဖော်ပြထားပါတယ်။

“ကျွန်တော် စစ်မှုထမ်းဖို့အတွက် စာကျလာပါပြီ။ ၂၇ ရက်နေ့ သွားရမှာပါ။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ တစ်ယောက်ချင်းဆီကို လိုက်ပြီး ကျေးဇူးတင် စကား မပြောနိုင်ပေမယ့် အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ဆောင်ဂျွန်းကီက ပြောပါတယ်” လို့ သူ့ရဲ့အေဂျင်စီ ဖြစ်တဲ့ Blossom Erdertainment စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။

ဆောင်ဂျွန်းကီဟာ စစ်မှုထမ်း မသွားခင် သြဂုတ်လ ၁၇ ရက်နေ့မှာ သူ့ရဲ့ Fun Club ဖြစ်တဲ့ Ki Aile အဖွဲ့တွေနဲ့ Our Story ဆိုတဲ့ ခေါင်းစဉ်အောက် မှာ တွေ့ဆုံပွဲ တစ်ခု လုပ်ဖို့ ရှိပါသေးတယ်လို့ The Korea Time သတင်းမှာ ဖော်ပြထားပါတယ်။

“ကျွန်တော် ၂ နှစ် စစ်မှုထမ်းပြီး ပြန်လာမှာပါ။ ကျန်းမာအောင် နေကြပါ” လို့ ဆောင်ဂျွန်းကီက နှုတ်ဆက် လမ်းခွဲစကား ဆိုပါတယ်။

ဆောင်ကျန်ကွမ် အရှုပ်တော်ပုံ ဇာတ်လမ်းတွဲနဲ့ ပရိသတ် အမြောက်အမြား ရရှိထားတဲ့ အသက် ၂၇ နှစ်အရွယ် ဆောင်ဂျွန်းကီဟာ အနုပညာ နယ်ပယ် ထဲကို ၂၀၀၅ ခုနှစ်ကမှ ဝင်ရောက်လာခဲ့သူဖြစ်ပြီး သူ့ရဲ့နောက်ဆုံး ထွက်ရှိ ထားတဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ The Innocent Man ဇာတ်လမ်းတွဲနဲ့ လည်း အောင်မြင်မှုကို ထပ်မံ ရရှိထားသူ ဖြစ်ပါတယ်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ