တစ်ခါတလေ လောကမှာ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်တစ်ခု မဖြစ်နိုင်ဘူးဆိုရင် အစားထိုးတစ်ခုအနေနဲ့ အောင်မြင် အောင်လုပ်ရမှာပဲ'' (M စိုင်းလု)


မေး - မော်ဒယ်လောကကို စဝင်ဖြစ်ခဲ့တဲ့အ ကြောင်း နည်းနည်းလောက်ပြောပြပါလား။
ဖြေ - ညီမ ၂၀၁၁ခုနှစ်ကစပြီး ဝင်ရောက်ခဲ့ တာပေါ့နော်။ အဲဒီကနေတစ်ဆင့်May and Mark calendar မှာ ဓာတ်ပုံတွေ ရိုက်ခဲ့တယ်။ ပြီးတော့ အိုင်ဒီယာမဂ္ဂဇင်းမှာ မျက်နှာဖုံးကာဗာ အဖြစ် စတင်ပြီးဝင်ရောက်ခဲ့တာပေါ့နော်။
မေး - လတ်တလော အနုပညာလှုပ်ရှားမှု ပြော ပြပါလား။
ဖြေ - လတ်တလော ညီမ မဂ္ဂဇင်းတွေမှာ ကာဗာတွေရိုက်ဖြစ်တယ်။ နောက်ပြီးတော့ ကြော် ငြာတွေ ရိုက်ဖြစ်တယ်။
မေး - မော်ဒယ်လောကကို ဘယ်ပြိုင်ပွဲကနေစပြီး တက်လာခဲ့တာလဲ။
ဖြေ - Miss ခရစ်စမတ်ပြိုင်ပွဲကနေ တက်လာ ခဲ့တာ။ မော်ဒယ်လောကကို ဝင်တဲ့နှစ်က ၂၀၁၁ ခုနှစ်ကတည်းကပါ။
မေး - ညီမဘယ်ဇာတိလဲ။ ဒီမော်ဒယ်အလုပ်ကို ရော ဘာဖြစ်လို့ လုပ်ခဲ့တာလဲ။
ဖြေ - ညီမက မြစ်ကြီးနားကပါ။ ညီမတို့ တ တိယတန်းနှစ်လောက်မှာ ရန်ကုန်ကို ပြောင်းလာ ခဲ့ကြတယ်။ အရင်တုန်းကတော့ Tour Guide တစ်ယောက် ဖြစ်ချင်ခဲ့တာ။ နောက်တော့ မော် ဒယ်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရင်း၊ ဆက်လက်ကြိုး စားရင်းနဲ့ ဝါသနာပါမှန်းမသိ ပါခဲ့တာ။ တစ်ခါ တလေ လောကမှာ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက် တစ်ခုမဖြစ်နိုင်ဘူးဆိုရင် အစားထိုးတစ်ခုအ နေနဲ့ အောင်မြင်အောင် လုပ်ရမှာပဲ။ အခုလည်း ဒီအလုပ်က ကိုယ်နဲ့လိုက်ဖက်မယ်ထင်တယ်။ အဲဒီအတွက်ကြောင့် ကိုယ်ရနေတဲ့နေရာတစ်ခု မှာ အကောင်းဆုံးနဲ့ အရိုးသားဆုံး ဆက်လက် ကြိုးစားသွားမယ်။
မေး - မော်ဒယ်လောကကိုရောက်ဖို့ ဘယ်သူတွေ က အများဆုံးအထောက်အပံ့ပေးခဲ့လဲ။
ဖြေ - ကိုယ်ပိုင်တဲ့အလုပ်မို့လို့ ဘယ်သူမှရယ်လို့ မကန့်ကွက်ဘူး။ အဓိကကတော့ အစ်ကိုတွေ၊ အမေတွေက ပံ့ပိုးပေးခဲ့ကြတယ်။
မေး - တချို့သူတွေ မော်ဒယ်ကနေ သရုပ်ဆောင် ဘက်ကို ရောက်သွားကြတာများတယ်ပေါ့နော်။ ညီမရော သရုပ်ဆောင်လုပ်ဖို့ အစီအစဉ်မရှိဘူး လား။
ဖြေ - ညီမက သိပ်ပြီးတော့ သရုပ်မဆောင်တတ် တော့ ကိုယ်မလုပ်နိုင်ဘူးလို့ထင်တဲ့ အရာတစ်ခု ကို မလုပ်တာက ညီမအတွက်အကောင်းဆုံးပဲ လို့ ထင်တယ်။ သရုပ်ဆောင်လုပ်ဖို့လည်း အစီ အစဉ်မရှိပါဘူး။
မေး - ဒါပေမဲ့ ညီမကြော်ငြာတွေတော့ရိုက်တယ် နော်။ ကြော်ငြာရိုက်ရတာနဲ့ မော်ဒယ်ရှိုးလျှောက် ရတာ ဘယ်လိုကွာခြားလဲ။
ဖြေ - ကွာခြားတာက မော်ဒယ်လျှောက်တာက မပင်ပန်းဘူး။ ကြော်ငြာရိုက်ရင် ပင်ပန်းတယ်။ ဥပမာ ဒီဗွီဒီရိုက်တာမျိုးပေါ့၊ ကြော်ငြာက အက် ရှင်တစ်ယောက်အနေလိုမျိုး မျက်နှာကို အဓိက ထားပြီးလုပ်ရတယ်။ သိပ်တော့မပြောတတ်ဘူး။
မေး - အခုညီမက စီနီယာ မော်ဒယ်တစ်ယောက် အနေနဲ့ အခုတက်လာမယ့် မော်ဒယ်အသစ်က လေးတွေကို ဘာများပြောချင်လဲ။
ဖြေ - ကြိုးစားပါလို့။ အောင်မြင်မှုဆိုတာ လွယ် လွယ်ရတဲ့အရာ မဟုတ်ပါဘူး။ အဲဒါကြောင့် ကိုယ်ဖြစ်ချင်တဲ့ အရာတစ်ခုကို အကောင်းဆုံး နဲ့ အရိုးသားဆုံးလုပ်ဖို့။ ပြိုင်ပွဲတစ်ခုမှာ ရှုံးခဲ့ရင် လည်း နောက်မဆုတ်ဘဲ ဇွဲရှိရှိနဲ့ ဆက်လက်လုပ် ဆောင်ပါလို့ ပြောချင်ပါတယ်။
မေး - ညီမ အခုမော်ဒယ်ရှိုးလျှောက်ဖို့ပေါ့ နော်။ ပြီးတော့ ပြည်ပတွေကိုသွားပြီးတော့ ရှိုး လျှောက်ဖို့ရော ရှိသေးလား။
ဖြေ - မရှိသေးပါဘူး။ ပြည်ပကိုလည်း သွားဖို့ မရှိသေးဘူး။ ဒါပေမဲ့ ညီမကိုရီးယားနိုင်ငံ Miss ပြိုင်ပွဲသွားဖူးတယ်။ သူများနိုင်ငံကို သွားပြီးပြိုင် ရတာတော့ အတွေ့အကြုံအများကြီးရတာ ပေါ့နော်။ ကိုယ့်မြန်မာနိုင်ငံမှာ လေ့လာဖို့ မရတဲ့ ပညာတွေကို သူတို့နိုင်ငံမှာ လေ့လာခဲ့တယ်။
မေး - ညီမက သရုပ်ဆောင်မလုပ်ဘူးဆိုတော့ မော်ဒယ်လောကမှာပဲ ဆက်လက်ပြီးနေမှာလား။
ဖြေ - အဲဒီလိုလုပ်ဖို့တော့ စဉ်းစားထားတယ်။ မော်ဒယ်လောကမှာပဲ နေဖို့ပေါ့။
မေး - ညီမဖက်ရှင်ဒီဇိုင်းကို ဘယ်လိုပုံစံတွေကို အများဆုံး ဝတ်ဖြစ်လဲ။
ဖြေ - ကိုယ့်အတွက် သက်သောင့်သက်သာဖြစ် စေမယ့် ဒီဇိုင်းမျိုးကိုဝတ်တယ်။ ကိုယ့်အတွက် တအားကို စိတ်မသက်မသာဖြစ်မယ့် အဝတ် အစားမျိုးတွေမဝတ်ဘူး။ အရောင်ကတော့ အ ဖြူရောင်ကို အများဆုံးနှစ်သက်တယ်။ ကြိုက် လည်း ကြိုက်တယ်။ အဲဒီအဖြူရောင်ကို ဝတ် လိုက်ရင် စိတ်ထဲမှာတစ်မျိုးပဲ ကိုယ်နဲ့လိုက်တယ် လို့လည်း ထင်တယ်။
မေး - မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ မြန် မာဆန်တဲ့ အဝတ်အစားအပေါ် ဘယ်လိုမြင်လဲ။
ဖြေ - မြန်မာဆန်တဲ့အဝတ်အစားဆိုတာ သူ့ နေရာနဲ့သူတော့ ရှိတာပေါ့နော်။ နောက်တစ်ခု က ကိုယ်သွားမယ့်နေရာက မြန်မာဆန်တဲ့ အ ဝတ်အစားနဲ့လိုက်လား တခြားပုံစံနဲ့လိုက်လား ဆိုတာ ကိုယ်ကိုယ်တိုင်သိပါတယ်။
မေး - ညီမကရော ဘယ်လိုပုံစံကိုကြိုက်လဲ။ တအားဟော့ဖြစ်လွန်းတဲ့ ဒီဇိုင်းတွေအပေါ်ရော ဘယ်လိုမြင်လဲ။
ဖြေ - ညီမကတော့ နှစ်ခုစလုံး ကြိုက်တယ်။ ညီမဆိုလည်း ဝတ်တာပဲ။ ဒီဇိုင်းဆန်းဆန်းတွေ ကို။ ဒါပေမဲ့ မပေါ်စေဘဲနဲ့ဝတ်တယ်။ ဒီခေတ် က ဝတ်တော့ဝတ်ပေါ့နော်။ ခေတ်ရေစီးကြောင်း လိုက်လို့ပဲဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင် နှစ်သက်လို့ ပဲဖြစ်ဖြစ် ကြိုက်သလိုဝတ်လို့ရတယ်။ ဒါပေမဲ့ အတိုအပြတ်တွေ ဝတ်တဲ့အခါ မပေါ်ဘဲနဲ့ဝတ် ရင်တော့ ပိုပြီးအဆင်ပြေမယ်လို့ထင်တယ်။
မေး - ပရိသတ်အတွက် စကားလက်ဆောင်တစ် ခွန်းလောက် ပြောပေးပါဦး။
ဖြေ - ညီမကို ဒီအချိန်အထိ ဆက်လက်အားပေး နေတဲ့ပရိသတ်ကို ကျေးဇူတင်ပါတယ်။ ဆက် လက်ပြီးတော့လည်း ကြိုးစားသွားမှာပါ။ ပရိသတ် ကြီးလည်း ဆက်လက်အားပေးပါဦးလို့။

ရတနာ တွေ့ဆုံမေးမြန်းသည်။
သြဂုတ်(၄)
ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ