အလုံ အကယ်ဒမီ ဆေးခန်းရှေ့ လုယက်မှုမှ တရားခံ(၃)ဦးအား ဖမ်းဆီးရမိ


ရန်ကုန်၊ သြဂုတ် ၅

၃၁.၇.၂၀၁၃ ရက်နေ့ ၂၀၄၅ အချိန်ခန့်တွင် ကိုမြင့်ကျော်သန်း (ဘ)ဦးကျော်ညွှန့်၊ မင်္ဂလာဒုံမြို့နယ်နေသူသည် အစ်ကိုဖြစ်သူတို့နှင့် အတူ အလုံမြို့နယ်၊ ဌာနရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ အကယ်ဒမီ ဆေးခန်းတွင် သူငယ်ချင်းဖြစ်သူ မီးဖွားနေ၍ သတင်း သွားရောက် မေးမြန်းစဉ် ၎င်းတစ်ဦးတည်း ၃င/---၊SWIFTယာဉ်အတွင်း ကျန်နေခဲ့ချိန် အမည်မသိ အမျိုးသား(၃)ဦးမှ ယာဉ်အတွင်း ၀င်ရောက်လာကာ ဓါးဖြင့်ထောက်၍ ယာဉ်နှင့်အတူ ခေါ်ဆောင်သွား ပြီးနောက် ချော်တွင်းကုန်း မီးပွိုင့်အနီးတွင် ချထားခဲ့ကာ ယာဉ်နှင့် အတွင်းမှ Laptop (၁)လုံး၊ Apple Mini Ipad (၁)လုံး၊ Auto အမျိုးအစား SIM ကဒ်ပါဖုန်း(၁)လုံးတို့ကို ယူဆောင်မောင်းနှင် ထွက်ပြေး သွားသဖြင့် အရေးယူပေးပါရန် အလုံမြို့မရဲစခန်းသို့ တိုင်တန်းခဲ့၍ (ပ)၁၇၉/၂၀၁၃၊ ပုဒ်မ ၃၉၂ ဖြင့်အရေးယူ စုံစမ်းဖော်ထုတ် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များသည် စုံစမ်းဖော်ထုတ်ဆောင်ရွက်ခဲ့ရာ အခင်းဖြစ်စဉ် ပါဆုံးသွားသည့်
ယာဉ်အား ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းတွင် ရပ်ထားသည်ကို ပြန်လည် တွေ့ရှိခဲ့ပါသည်။

အမှုမှတရားခံများနှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအနောက်ရပ်ကွက်၊ ကွမ်းရွဲလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ အမှတ်(---)နေအိမ်မှ တရားခံ ညီညီမင်းရှင်(ခ)ဇင်မင်းဦး (ဘ)ဦးဇော်မင်းသူ၊ ကန်အနောက်ရပ်ကွက်၊ မင်္ဂလာတောင်ညွှန့် မြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ပြီး နေပြည်တော်သို့ တိမ်းရှောင်ရန်ထွက်ခွာသွားသူ ဥာဏ်လင်းထက်(ခ)ကေတီ (ဘ)ဦးဝင်းတင်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်နေသူအား အောင်မင်္ဂလာ အဝေးပြေးဝင်းမှလည်းကောင်း၊ ကုဋေကျော် (ဘ)ဦးမောင်မောင်၊ ဈေးကြီးအနောက်ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ် နေသူအား လမ်းမတော်မြို့နယ်ရှိ ပုလဲမေ တည်းခိုခန်းမှ လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတရားခံများ၏စစ်ဆေးချက်များအရ ၃၁.၇.၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန်ခန့်တွင် ကုဋေကျော်၏ နေအိမ်တွင်တွေ့ဆုံကြစဉ် လုယက်မှု တစ်ခုခု ကျူးလွန်ရန်တိုင်ပင်ခဲ့ကြပြီး ဓါး(၂)ချောင်းအား ၀ယ်ယူခဲ့ကြကာ ဆင်မင်းဈေးမှတ်တိုင်၌ လမ်းလျှောက်၍ လုယက်မည့်လူနှင့်ကားတို့အား ရှာဖွေနေစဉ် အကယ်ဒမီဆေးခန်းရှေ့ အရောက် ၃င/---- ယာဉ်ပေါ်၌ အမျိုးသားတစ်ဦးတည်း IPad ဖြင့် ဂိမ်းကစား နေသည်ကို တွေ့ရှိရ၍ ၎င်းတို့(၃)ဦးမှ ယာဉ်အတွင်း ၀င်ရောက်ကာ အဆိုပါအမျိုးသားအား ဓါဖြင့်ထောက်ပြီး ယာဉ်အားမောင်းနှင်ယူဆောင်ခဲ့ကြောင်း၊ ချော်တွင်းကုန်းမီးပွိုင့်
အနီးတွင် ယာဉ်ပေါ်ပါ အမျိုးသားအား ထားရစ်ခဲ့ပြီး ဆက်လက်မောင်းနှင်ခဲ့ကြောင်း၊ တက္ကသိုလ်ရိပ်သာလမ်းသို့ ရောက်ရှိစဉ် ယာဉ်အားထားခဲ့ပြီး ယာဉ်ပေါ်ပါ Laptop (၁)လုံး၊ IPad (၁)လုံး၊ ဟန်းဆက် (၁)လုံးနှင့် ငွေကျပ် (၁၀၀၀၀)တို့အား ယူဆောင်လာခဲ့ကြကြောင်း၊ နောက်ရက်များတွင် Laptop ၊ IPad တို့အား ရောင်းချကာခွဲဝေ သုံးစွဲခဲ့ကြောင်း၊ ဖုန်းအတွင်းမှSIM ကဒ်အား လွှင့်ပစ်ခဲ့ပြီး ဟန်းဆက်အား ဥာဏ်လင်းထက်မှ ကိုင်ဆောင်အသုံးပြုလျက်ရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

အဆိုပါစစ်ဆေး ချက်များအရ အမှုမှပါဆုံးသက်သေခံ ပစ္စည်းများအား ပြန်လည်သိမ်းဆည်းခဲ့ပြီး ၎င်း တရားခံ(၃)ဦးအား အမှုဖြင့် အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိ ပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ