Avatar ဇာတ်ကားများ ဆက်တိုက် ထွက်ရှိလာမည်

Avatar ဇာတ်ကားများ ဆက်တိုက် ထွက်ရှိလာမည်ကင်မရွန်က Avatar၏ နောက်ဆက်တွဲ ဇာတ်ကား (၃)ကားကို လာမည့်နှစ်မှ စတင်ကာ တစ်နှစ်လျှင် တစ်ကားနှုန်းဖြင့် ဆက်တိုက် ရိုက်ကူးသွားမည်ဟု ကြေညာခဲ့သည်။

ဟောလီးဝုဒ်၏ ဝင်ငွေ အကောင်းဆုံး ဇာတ်ကားအဖြစ် အကြီးအကျယ် အောင်မြင်ခဲ့ပြီးနောက် အတန်ငယ် အသံတိတ်သွားသည့် Avatar၏ အနာဂတ်ကို ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်က ထုတ်ဖော် ပြောဆိုလိုက်ပြီ ဖြစ်သည်။ ကင်မရွန်က Avatar၏ နောက်ဆက်တွဲ ဇာတ်ကား (၃)ကားကို လာမည့်နှစ်မှ စတင်ကာ တစ်နှစ်လျှင် တစ်ကားနှုန်းဖြင့် ဆက်တိုက် ရိုက်ကူးသွားမည်ဟု ကြေညာခဲ့သည်။ အသက်(၅၈)နှစ် ရှိပြီဖြစ်ပြီး Titanic ဇာတ်ကားတွင်လည်း ဒါရိုက်တာအဖြစ် လက်စွမ်းပြဖူးသည့် ကင်မရွန်သည် အဆိုပါ ဇာတ်ကားများအတွက် ဇာတ်ညွှန်းကို ဂျော့ရှ်ဖရိုက်ဒ်မန်း၊ ရှိန်းဆလာနို၊ ရစ်ခ်ဂျက်ဖာနှင့် အမန်ဒါ ဆေးလ်ဗားတို့အား တာဝန်ပေးထားလိုက်ကြောင်းလည်း သိရသည်။

20 Century Fox ကုမ္ပဏီသည် အဆိုပါ ဇာတ်ကားများအနက် ပထမဆုံး ဇာတ်ကားကို (၂၀၁၆)ခုနှစ်တွင် အစောဆုံး စတင် ရုံတင်ရန် ရည်ရွယ်ထားသည်။ အချို့သတင်း ဌာနများကလည်း (၂၀၁၇)မှ စတင်ရုံတင်ဖွယ် ရှိကြောင်း ဖော်ပြထားသည်။ ကင်မရွန်က ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာတွင် "Avatarနဲ့အတူ ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ ကမ္ဘာသစ်တစ်ခုဟာ ရှားပါပြီး မယုံနိုင်လောက်စရာ အံ့ဩမှုမျိုး ကြုံတွေ့စေခဲ့ပါတယ်။ ခုတော့ ကျွန်တော်တို့ ဇာတ်ကားသစ်တွေအတွက် ဇာတ်ညွှန်း စရေးနေပါပြီ။ Avatarရဲ့ သီးခြားလောက၊ ဇာတ်လမ်းနဲ့ ဇာတ်ရုပ်တွေကို ကျွန်တော် အလေးအနက် ပုံဖော်ဖို့ ရည်စူးပါတယ်။ ဇာတ်လမ်း နှစ်ခုလောက်ဟာ လုံလောက်မလားလို့ ကျွန်တော် တွေးတယ်။ ဒါပေမဲ့ ကျွန်တော် ဖန်တီးစိတ်ကူးထားတဲ့ လောကသစ်ကို ပြည့်ပြည့်စုံစုံ ပြသနိုင်ဖို့ တကယ်တမ်းကျတော့ မလုံလောက်ဘူး"ဟု ပြောကြားခဲ့သည်။

၎င်းက "ဇာတ်ညွှန်းအတွက် အမန်ဒါ၊ ရစ်ခ်၊ ရှိန်းနဲ့ ဂျော့ရှ်တို့ဆီက အကူအညီ ယူခွင့်ရတာ ကျွန်တော် အရမ်းကျေနပ်ပါတယ်။ သူတို့နဲ့အတူ စကြာဝဠာကို ကျွန်တော်တို့ ထပ်ပြီး ဖြန့်ကျက်လို့ ရလာပါပြီ"ဟုလည်း ဆိုသည်။ ကင်မရွန်သည် မကြာသေးမီက ၎င်းအနေဖြင့် ဒါရိုက်တာ ဘဝ၏ သက်တမ်းလက်ကျန်တွင် Avatar ဇာတ်ကားသစ်များအတွက် မြှုပ်နှံ အချိန်ကုန်သွားနိုင်ကြောင်း ဝန်ခံခဲ့ဖူးသည်။ (၂၀၁၀)ပြည့်နှစ်က ကင်မရွန်သည် နောက်ထပ် Avatar ဇာတ်လမ်းအဆက် အနည်းဆုံး (၂)ကားမျှ ရိုက်ကူးဖွယ် ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး ပရိသတ်များက စောင့်မျှော်ခဲ့ကြသည်။ (၂၀၀၉)ခုနှစ်က ရုံတင်သော Avatar ဇာတ်ကားသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဒေါ်လာ (၂)ဘီလျံကျော် ရုံဝင်ကြေး ရရှိခဲ့သည်။ အဆိုပါ ဇာတ်ကားသည် အော်စကာဆုအတွက် ဆု(၉)ခုစာ အမည်စာရင်း တင်သွင်းခံရပြီး ဆု(၃)ခု ဆွတ်ခူးနိုင်ခဲ့သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ