ကနေဒါတွင် ကလေးနှစ်ဦးအား စပါအုံးမြွေက ရစ်ပတ်ညှစ်သတ်ခဲ့ဖွယ်ရှိ

ကနေဒါတွင် ကလေးနှစ်ဦးအား စပါအုံးမြွေက ရစ်ပတ်ညှစ်သတ်ခဲ့ဖွယ်ရှိ မြွေသည် ခွန်အားသန်မာသော စပါးအုံးမြွေကြီး တစ်ကောင်ဖြစ်ပြီး လူငယ်နှစ်ဦးကို ရစ်ပတ် ညှစ်သတ်ခဲ့သည်ဟု ရဲများက သံသယရှိ

ကနေဒါ နိုင်ငံတွင် ကလေးနှစ်ဦး သေဆုံးမှု၌ စပါးအုံး မြွေတစ်ကောင် ပါဝင် ပတ်သက်မှု ရှိမရှိ ဆိုသည်ကို ရဲများက အလေးအနက် စစ်ဆေးနေကြောင်း သိရှိရသည်။ အသက်(၅)နှစ်နှင့် (၇)နှစ်သာ ရှိသေးသည့် ယောက်ျားလေး နှစ်ဦးသည် နယူးဘရန်းစ်ဝစ်ခ်ရှိ ကမ့်ပ်ဘဲလ်တန်မှ ၎င်းတို့၏ တိုက်ခန်းအနီးတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်းတို့ နှစ်ဦးသည် သူငယ်ချင်း တစ်ဦး၏ နေအိမ် တိုက်ခန်းတွင် အလည်အပတ် သွားအိပ်ခဲ့ပြီး အဆိုပါ တိုက်ခန်းသည် တွားသွားသတ္တဝါ အရောင်းဆိုင် တစ်ခု၏ အပေါ်ထပ်တွင် ရှိနေသည်။

အစောပိုင်း စစ်ဆေးမှုများအရ ယင်းဆိုင်ခန်းမှ မြွေတစ်ကောင်သည် လှောင်အိမ်ထဲမှ လွတ်မြောက်နေသည်ကို ရဲများက ခြေရာခံ တွေ့ရှိခဲ့သည်။ အဆိုပါ မြွေသည် ခွန်အားသန်မာသော စပါးအုံးမြွေကြီး တစ်ကောင်ဖြစ်ပြီး လူငယ်နှစ်ဦးကို ရစ်ပတ် ညှစ်သတ်ခဲ့သည်ဟု ရဲများက သံသယရှိနေကြောင်း သိရသည်။ ရဲတပ်ဖွဲ့မှ ဆာဂျင် အေလိန်းထရမ်ဘလီက မြွေအမျိုးအစားသည် စပါးအုံးဖြစ်ကြောင်း အတည်ပြုခဲ့ပြီး မိမိတို့ ဖမ်းဆီး ရမိထားကြောင်း ပြောကြားထားသည်။ ကနေဒါ ရုပ်မြင်သံကြားဌာန CBCက ယခုမြွေသည် အရှည် (၁၁)ပေနှင့် (၁၅)ပေကြားမျှ ရှိနေပြီး (၉၉)ပေါင်ထက်မက အလေးချိန် ရှိနိုင်ကြောင်း ခန့်မှန်း ဖော်ပြခဲ့သည်။

ဖြစ်ရပ်တွင် လွတ်မြောက်နေသော မြွေနှင့် ဆက်စပ်မှု ရှိမရှိ စစ်ဆေးနေဆဲဖြစ်ပြီး အင်္ဂါနေ့တွင် ကလေးနှစ်ဦး၏ အလောင်းများကို ရင်ခွဲ စစ်ဆေးမည်ဟု ဆိုသည်။ အဆိုပါ နေရာအနီးတွင် နေထိုင်သူ ဒိုင်နီဖော်နီရာက "ကလေးနှစ်ယောက်ကို ကျွန်မ ကောင်းကောင်းသိတယ်။ သူတို့က ညီအစ်ကိုတွေပါ။ တစ်ခါတစ်လေ ကျွန်မခြံဝင်းထဲမှာ လာဆော့တယ်။ ကျွန်မရဲ့ ခွေးတွေနဲ့လည်း ရင်းနှီးတယ်"ဟု ဆိုသည်။ မြွေပိုင်ရှင်ဖြစ်သော Reptile Oceanစတိုးသည် ယခုဖြစ်စဉ် ပေါ်ပေါက်လာပြီးနောက် ၎င်း၏ Facebook စာမျက်နှာကို ယာယီ ပိတ်သိမ်းထားလိုက်သည်။ အမေရိကန်နှင့် ကနေဒါတို့တွင် စပါးအုံးကဲ့သို့ မြွေများကို အိမ်မွေး တိရစ္ဆာန် အနေဖြင့် ထားရှိ မွေးမြူသော အလေ့အထများ ရှိတတ်ရာ ၎င်းတို့ကို ရောင်းချသည့် စတိုးဆိုင်များလည်း ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ