ခိုးမှုများ ကျူးလွန်လေ့ရှိကြောင်း သတင်းရရှိသူများအား မသင်္ကာဖွယ် တွေ့ရှိ စစ်ဆေးရာမှ ခိုးမှု(၃)မှု ဖော်ထုတ်ရရှိ

ရန်ကုန်၊ သြဂုတ် ၁၃

၁၀.၈.၂၀၁၃ ရက်နေ့တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်း ရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည်အဖွဲ့များခွဲ၍ နယ်မြေအတွင်းသတင်း စုံစမ်းစဉ် ၁၆၃၀အချိန်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ စက်ရုံလမ်းမီးပွိုင့်အနီး၌ ခိုးမှုများကျူးလွန် လေ့ရှိကြောင်း သတင်းရရှိသူ မစန်းစန်းအေး (ခ)မဂျမ်းဂျမ်း (ဘ)ဦးမောင်မောင်၊ မြိုင်သာယာ(၄)ရပ်ကွက်၊ ကျောက်တန်းမြို့နယ်နေသူအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းဆွဲယူလာသည့် ကြွပ်ကြွပ်အိတ်အတွင်းမှ ဆင်မင်းစာတမ်းပါ ယောပုဆိုးအနက်ရောင် (၁၀)ထည်၊ ပါတိတ်ထဘီရောင်စုံ (၆)ထည်တို့အားတွေ့ရှိရပြီး အဆိုပါအထည်များအားယုဇနပလာဇာ၊ ပထမထပ်ရှိအထည် ဆိုင်တစ်ဆိုင်မှ ခိုးယူလာသော ပစ္စည်းများဖြစ်ကြောင်းစစ်ဆေး တွေ့ရှိသိမ်းဆည်းရမိသဖြင့် မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်း (ပ)၅၅၁/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ ဖြင့်အရေးယူထားရှိပါသည်။

အရှေ့ပိုင်းခရိုင်အထူး မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များအဖွဲ့သည် ၁၆၃၀ အချိန်တွင်မင်္ဂလာ တောင်ညွှန့်မြို့နယ်၊ တောင်လုံးပြိုင်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ အထည်အဟောင်းတန်းအနီး ၌ ခိုးမှုများကျူးလွန်လေ့ရှိကြောင်း သတင်းရရှိသူ မောင်မောင် (ဘ)ဦးဘဲလူး၊ သပြေကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်
နေသူမှာ Huawei C8810 အမျိုးအစား ဟန်းဆက်(၁)လုံးအား လိုက်လံ ရောင်းချနေစဉ်တွေ့ရှိရသဖြင့် စစ်ဆေး ရာ ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိ၍
ခိုးယူလာကြောင်း မသင်္ကာဖွယ်တွေ့ရှိသိမ်းဆည်းရမိသဖြင့် မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်း (ပ)၅၅၂/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ ဖြင့် အရေးယူထားရှိပါသည်။

ဆက်လက်၍ အရှေ့ပိုင်းခရိုင်အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင် များအဖွဲ့သည် ၁၆၅၀အချိန်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ စက်ရုံလမ်းမီးပွိုင့်အနီး၌ခိုးမှုများကျူးလွန်
လေ့ရှိကြောင်းသတင်းရရှိထားသူ ကျော်စိုးဦး (ဘ)ဦးတင်ထွန်း၊ မြိုင်သာယာ(၄)ရပ်ကွက်၊ ကျောက်တန်းမြို့နယ်နေသူအား မသင်္ကာဖွယ်တွေ့ရှိသဖြင့်စစ်ဆေး ရှာဖွေရာ ၎င်းထမ်းလာသော ပလပ်စတစ်ဆွဲခြင်းအတွင်းမှပါတိတ်ထဘီ (၃၅)ထည်အားတွေ့ရှိရပြီး အဆိုပါထဘီများအား မင်္ဂလာဈေးမြေညီထပ်ရှိအထည်ဆိုင် တစ်ဆိုင်မှခိုးယူလာကြောင်း စစ်ဆေးတွေ့ရှိသိမ်းဆည်းရမိသဖြင့် မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်း (ပ)၅၅၃/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ ဖြင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ