ရွှေဆွဲကြိုးပြတ်နှင့်အတူတွေ့ရှိသူအားစစ်ဆေးရာမှ လုယက်မှုပေါ်ပေါက်ခဲ့

ရန်ကုန်၊ သြဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ၁၃.၈.၂၀၁၃ ရက်နေ့ ၀၃၁၅ အချိန်တွင် နယ်မြေ အတွင်းသတင်းစုံစမ်းစဉ် လှိုင်သာယာမြို့နယ်၊ အောင်ဇေယျလမ်းမ ပေါ်တွင် အုန်းဆံကြိုးပုံရွှေဆွဲကြိုးအပြတ်(၂)ပိုင်းနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသူ မြင့်ဇော်မိုး(ခ)ဖိုးငို(ဘ)ဦးမြင့်စိုး၊ (၁၉)ရပ်ကွက်၊ လှိုင်သာယာမြို့နယ် နေသူအားစစ်ဆေးခဲ့ပါသည်။

ထိုသိုစစ်ဆေးရာ ရွှေဆွဲကြိုးပြတ်မှာ ၀၂၄၅ အချိန်ခန့်က လှိုင်သာယာ မြို့နယ်၊ (၂၃)ရပ်ကွက်၊ ကျန်စစ်သားလမ်းမပေါ်တွင်တွေ့ရှိသူ အသက်၂၀နှစ်ခန့်ရှိအမျိုးသားတစ်ဦး၏လည်ပင်းမှ ဆွဲဖြတ်လုယူ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့်သိမ်းဆည်းခဲ့ပြီး လှိုင်သာယာမြို့မရဲစခန်း (ပ) ၉၈၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၂/၅၄ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ