တေးသံရှင်အဒဲလ် ရုပ်ရှင်ရိုက်မည်

အော်စကာဆုရ တေးသံရှင်အဒဲလ်တစ်ယောက် ရုပ်ရှင် ရိုက်တော့မယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

Rolling in the Deep သီချင်းနဲ့ နာမည်ကျော်လာပြီး Sky Fall သီချင်းနဲ့ အော်စကာဆု ရရှိ...ထားတဲ့ အဒဲလ်ဟာ The Secret Service လို့အမည်ရတဲ့ စပိုင် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ဆွေးနွေးညှိနှိုင်းနေပြီလို့ contactmusic.com မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

The Secret Service ဇာတ်ကားကို X-Men: First Class ဒါရိုက်တာ မက်သယူးဗွန်းက တာဝန်ယူ ရိုက်ကူးမှာဖြစ်ပြီး အဓိက သရုပ်ဆောင်တွေအနေနဲ့ ဆမ်မြူယယ်လ် အယ်ဂျက်ဆင်၊ ကောလင်း ဖတ်သ်တို့ ပါဝင်မှာဖြစ်ပါတယ်။

အဆိုပါဇာတ်ကားမှာ ဘယ်လိုဇာတ်ရုပ်မျိုးနဲ့ အဒဲလ် ပါဝင်သရုပ်ဆောင်မယ် ဆိုတာ တရားဝင် မထုတ်ပြန်သေးပေမယ့် ပရိသတ်တွေကတော့ အဒဲလ်တစ်ယောက် ဧည့်သည်သရုပ်ဆောင် အဖြစ်သာ ပါဝင်လိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ဘာကြောင့်လဲဆိုတော့ အဒဲလ်ဟာ The Ugly Betty ဆိုတဲ့ အမေရိကန် ရုပ်သံဇာတ်လမ်းတွဲ တစ်ခုမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးလို့ပါပဲ။

"The Secret Service ဇာတ်ကား အတွက် မက်သယူး ရှာနေတာ အဒဲလ်လို လူမျိုးပါပဲ။ မက်သယူးက The Secret Service ဇာတ်ကားအောင်မြင်ဖို့အတွက် နယ်ပယ်အသီးသီးက အောင်မြင်ကျော် ကြားသူတွေကို အဲဒီဇာတ်ကားမှာ ပါဝင်စေချင်နေပါတယ်" လို့ ဟောလိဝုဒ် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

The Secret Service ဇာတ်ကားကို ယခုနှစ်ကုန်ပိုင်းမှာ စတင်ရိုက်ကူးမှာ ဖြစ်တဲ့အတွက် အဲဒီဇာတ်ကားမှာ အဒဲလ် ဘယ်လို ဇာတ်ရုပ်မျိုးနဲ့ ပါဝင် သရုပ်ဆောင်မယ်ဆိုတာ မကြာခင် သိရလိမ့်မယ်လို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ