အရက်အတူသောက်ရင်း ရန်ဖြစ်၍ သေဆုံး

နတ်တလင်း   သြဂုတ်   ၂၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီ ခရိုင် မိုးညိုမြို့နယ်  ဖန်ခါးပင်ကျေးရွာ၌ သြဂုတ် ၂၄ ရက်  ညနေ ၆ နာရီ ခွဲက ရွာထိပ်သုသာန်ကုန်းအတွင်း  လူတစ် ဦးသေဆုံးနေကြောင်း       ဆင်မနိုင် ရဲစခန်းသို့  အကြောင်း ကြားခဲ့သဖြင့် စခန်းမှူး   ရဲအုပ်ထွန်းထွန်းဝင်းနှင့် အဖွဲ့သွားရောက်စစ်ဆေးခဲ့ရာ သေဆုံး သူမှာ မြင့်ထွေး (၄၅ နှစ်)ကြို့ပင်ကုန်း ကျေးရွာနေထိုင်သူဖြစ်ပြီး ဖန်ခါး ပင်ရွာထိပ်သုသာန်တွင်  နောက်စေ့ ပေါက်ပြဲဒ် ရာဖြင့်  သေဆုံးနေသည် ကို တွေ့ရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်  ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ဆက်လက်ပေါ်ပေါက် ရေးစုံစမ်းခဲ့ရာ    အခင်းမဖြစ် ပွားခင်  နတ်တလင်းမြို့နယ် ချင်းကုန်းကန် အုပ်စု သံကြိုးကန်ရွာနေ လင်းညို (၄၅ နှစ်)နှင့်   ဖန်ခါးပင် ရွာတွင်  အရက် အတူတူသောက်ကြကြောင်း သိရှိရ၍ ကွင်းဆက်လိုက်ပြီးစုံစမ်းရာ လင်းညို အား ည ၁၂ နာရီတွင် သက်သေခံပစ္စည်း ဖြစ်သော ကုက္ကိုသားတုတ်နှင့်အတူ ဖမ်းဆီးရရှိခဲ့ရာ ဆင်မနိုင်ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်မြင့်(နတ်တလင်း)

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ