လက်ထပ်ခိုင်းသည်ကို မယူနိုင်ကြောင်းပြောမိ၍ ဓားဖြင့်ထိုးမှု

၂၅.၈.၂၀၁၃ ရက်နေ့ ည (၈)နာရီခွဲအချိန်တွင် မတင်ဇာလှိုင်၊ (၂၃)နှစ်၊ ကမာရွတ်မြို့နယ်နေသူအား
ကမာရွတ်မြို့နယ် ထန်းတပင်ဘုန်းကြီးကျောင်း အနီးနေထိုင်သော ယခင်က သမီးရည်းစားဖြစ်ခဲ့ဖူးသူ  သိန်းသန်းအောင်(ခ)ချစ်ကို၊ (၁၈)နှစ်မှ အရေးကြီး စကားပြောစရာရှိ၍ ခေတ္တလိုက်ခဲ့ရန်အိမ်သို့လာခေါ်သဖြင့် နေအိမ်ရှေ့ ပတ္တမြားလမ်း နှင့် မီးရထားလမ်းကြားတွင်  စကားပြောစဉ်  အတင်းအကြပ် လက်ထပ်ခိုင်းသဖြင့် မယူနိုင်ကြောင်းပြောသည်ကို  သိန်းသန်းအောင်မှ စာရွက်ဖြတ်သည့်  အဆစ်ဓားဖြင့်  ထိုးသဖြင့် ၀ဲဘက်နို့အုံအောက် ထိုးသွင်းဒဏ်ရာ (၁)ချက် ရရှိပြီး ရန်ကုန်ဆေးရု့ကြီးတွင်  အတွင်းလူနာ (စိုးရိမ်ရ)အဖြစ်  တင်ပို့ကုသလျက်ရှိပြီး ကမာရွတ်မြို့မရဲစခန်း (ပ)၃၇၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့်  အမှုဖွင့်ထားရှိကြောင်း သတင်းရရှိပါသည်။

by Myanmar News Now


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ