အိမ်ရှင်က အဓမ္မကျင့်သည်ဟုဆိုကာ အိမ်အကူအမှုဖွင့်

အိမ်ရှင်အမျိုးသား၏ အဓမ္မကျင့်မှုကို ခံရသည်ဟုဆိုကာ အိမ်အကူအမျိုးသမီးတစ်ဦးကအမှုဖွင့် တိုင်တန်းမှု တစ်ခုကို မှော်ဘီရဲစခန်းက သြဂုတ် ၇ ရက်တွင် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

အဆိုပါ အိမ်အကူအမျိုးသမီးသည် အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး သူအလုပ်လုပ်ရာ အိမ်နောက်ဖက်ရှိ ထင်းတဲ အတွင်းမှ သူ့အိပ်ယာတွင် နေမကောင်းသဖြင့် အိပ်စက်နေစဉ် အဓမ္မကျင့်ခံရခြင်းဖြစ်သည်ဟု ရဲကို ထွက်ဆိုထားသည်။

သြဂုတ် ၄ ရက်က အိမ်ရှင်ဖြစ်သည့် အသက် ၄၀ အရွယ်အမျိုးသားက နေမကောင်းသည့် သူ့ထံ ဆေးလာပေး လိုကြောင်း ပြောသဖြင့် တံခါးဖွင့်ပေးခဲ့သည်ဟု သူမကရဲကို တိုင်တန်းရာတွင် ထွက်ဆိုသည်။ ထို့နောက် အိမ်ရှင် အမျိုးသားက တဲအတွင်း ၀င်ရောက်ကာ အတင်းလုံးထွေးချုပ်နှောင်၊ ပါးစပ်ပိတ်၍ ကုတင်ပေါ်သို့ တွန်းလှဲကာ အဓမ္မနှစ်ကြိမ်ကျင့်ခဲ့ကြောင်းလည်း ရဲကိုတိုင်တန်းရာတွင် စွပ်စွဲထွက်ဆိုထားသည်။

အိမ်ရှင်အမျိုးသားက အဓမ္မပြုကျင့်နေစဉ် အော်လျှင်သတ်ပစ်မည်ဟုပြောသဖြင့် မအော်ရဲခဲ့ဘဲ ၎င်းအမျိုးသား လစ်တွင် ရုန်းကန်၍ အစ်မဖြစ်သူနေထိုင်ရာ ကျေးရွာတစ်ခုသို့ ထွက်ပြေးခဲ့ကြောင်း အမှုဖွင့်ရာတွင် ကာယကံရှင် အိမ်အကူအမျိုးသမီးက ထွက်ဆိုသည်။

အဓမ္မကျင့်ခံရသည်မှာ သြဂုတ် ၄ ရက် ကတည်းကဖြစ်သော်လည်း ကာယကံရှင်သည် အမဖြစ်သူနှင့် တိုင်ပင်ကာ သုံးရက်အကြာတွင်မှ ရဲစခန်း၌ လာရောက်တိုင်တန်းရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင်တွေ့ ရသည်။

ယင်းအမှုကို မှော်ဘီရဲစခန်းက အမှုအမှတ်(ပ)၂၅၁/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အဓမ္မပြုကျင့်မှုဖြင့် စွပ်စွဲခံရသူ အိမ်ရှင်အမျိုးသားကို တရားစွဲဆိုရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ