ရေမြောင်းထဲတွင် မွေးကင်းစကလေးအလောင်းတွေ့

လှိုင်သာယာမြို့နယ်ရှိ စက်ရုံတစ်ခု၏ဘေးမှ ရေးမြောင်းထဲတွင် မွေးကင်းစကလေးငယ်အလောင်း တွေ့ ရှိမှုတစ်ခု သြဂုတ် ၇ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်ုတိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ကလေးအလောင်း တွေ့ရှိသည်မှာ မြဧပရယ်စက်ရုံဘေးရှိ ရေမြောင်းအတွင်း၌ဖြစ်ပြီး သေဆုံးနေသည့် ကလေး အလောင်းမှာ ပုပ်ပွနေပြီဖြစ်ကာ ယောက်ျားလေး၏အလောင်းဖြစ်ကြောင်းလည်း ရဲဌာနက ထုတ်ပြန်ထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဒုရဲအုပ်တစ်ဦးကပင် တရားလိုပြုလုပ်ကာ ကလေးစွန့်ပစ်ခဲ့သူအပေါ် အရေးယူ ရန်အမှုဖွင့် တိုင်ကြားခဲ့ပြီး အမှုအမှတ် (ပ)၈၈၀/၂၀၁၃ ဖြင့် အမှုဖွင့်ထားကြောင်းလည်း ရဲဌာနက ထုတ်ပြန်ထားသည်။

ယင်းအမှုနှင့်ပတ်သက်၍ မဇ္ဈိမကလှိုင်သာယာ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျ ရဲဝန် ထမ်းက အမှုသည် စုံစမ်းဆဲဖြစ်သဖြင့် သတင်းအချက်အလက်ကို တယ်လီဖုန်းဖြင့် မဖြေကြားနိုင်ကြောင်း ဖြေကြားခဲ့သည်။

အလားတူပင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် အခင်းဖြစ်ပွားရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတို့ကိုလည်း ဆက်သွယ် မေးမြန်းရာတွင်လည်း တစ်စုံတစ်ရာ အတည်ပြု ပြောကြားခြင်း မရှိခဲ့ပေ။

လတ်တလောတွင် အဆိုပါ ကလေးအလောင်းတွေ့ရှိမှုကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၁၈ ကလေးအလောင်း ဖျောက်ဖျက်မှုဖြင့် တရားစွဲရန် တရားခံကို လိုက်လံစုံစမ်းဆဲဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ