စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၄ သန်းဖြင့် ရီးရဲလ်သို့ ဂါးရက်ဘေးလ် ရောက်ရှိရန် နီးစပ်

လန်ဒန်၊ သြဂုတ်၂၂

စပိန် လာလီဂါ ထိပ်သီးကလပ် အသင်းများက ခေါ်ယူရန် ကြိုးပမ်းနေသည့် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် စပါးအသင်း၏ အားထားရသော တောင်ပံ ကစားသမား ဂါး...ရက်ဘေးလ်သည် ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၄ သန်းဖြင့် ရီးရဲလ်အသင်းသို့ ရောက်ရှိရန် နီးစပ်လျက် ရှိကြောင်း Daily Mail သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

စပါးအသင်း ဥက္ကဋ္ဌ ဒယ်နီယယ် လီဗိုင်းသည် ဂါးရက်ဘေး၏ အပြောင်းအရွှေ့ ကိစ္စကို အဆုံးသတ် နိုင်ရန် ရီးရဲလ်အသင်း တာဝန်ရှိသူ များနှင့် ဆွေးနွေးလျက်ရှိရာ ယင်းအပြောင်းအရွှေ့မှ စပါးအသင်း အတွက် အကျိုးအမြတ်များစွာ ရရှိလိုသည့် ဒယ်နီယယ်လီဗိုင်း၏ တောင်းဆိုမှုအပေါ် ရီးရဲလ်အသင်း က စိတ်ပျက်လျက် ရှိသည်ဟု ယင်းသတင်းစာက ဖော်ပြ ခဲ့သည်။

ရီးရဲလ် အသင်းသည် ဂါးရက်ဘေးလ်၏ ပြောင်းရွှေ့ကြေးအတွက် တစ်စိတ် တစ်ပိုင်းအဖြစ် အသင်း နောက်ခံလူ ဖေဘီယို ကွန်ထရာအိုနှင့် အလိုက်ပေး ခေါ်ယူလိုသော်လည်း စပါးအသင်း ဥက္ကဋ္ဌကမူ ရီးရဲလ် အသင်း နောက်ခံလူ၏ အပြောင်းအရွှေ့ ကိစ္စကို သီခြားစီ ဆောင်ရွက်ရန် သာ ပြောကြားထားသည်။

ဂါးရက်ဘေးလ် ရီးရဲလ် အသင်းသို့ ပြောင်းရွှေ့သွားပါက စပါးအသင်းအတွက် ထိုးနှက်ချက် တစ်ခု ဖြစ်လာနိုင်သော်လည်း အပြောင်းအရွှေ့ ဈေးကွက် တွင် ငွေကြေးများစွာ သုံးစွဲ၍ ကစားသမားသစ်များကို ဝယ်ယူ ထားသောကြောင့် ယမန်နှစ်ကထက် ပိုမို တောင့်တင်းလာမည် ဖြစ်ကြောင်း စပါးအသင်း နည်းပြ ဘိုအာ့စ်က ပြောကြားခဲ့သည်။

စပါးအသင်းသည် ယခုနှစ် ရာသီအတွက် ရောဘတ်တို ဆိုဒါဒို၊ ပေါ်လင်ညို၊ ချာဒီနှင့် ကာပူး စသော ကစားသမားများကို ပေါင်သန်း ၆၀ နီးပါး သုံးစွဲ၍ ခေါ်ယူထားပြီး ရုရှားကလပ် အန်ဇီအသင်းမှ ကွင်းလယ် ကစားသမား ဝီလျံနှင့် အီတလီကလပ် ရိုးမား အသင်းမှ ရှေ့တန်း ကစားသမား လာမီလာ တို့ကို ပေါင်သန်း ၃၀ စီဖြင့် ထပ်မံ ခေါ်ယူရန် ပြင်ဆင်လျက် ရှိကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ