၁၃ နှစ်သမီးကို ပေါင်းသင်းမိသဖြင့် အဓမ္မမှုဖြင့် တရားစွဲခံရ

အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူပေါင်းသင်းမိသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးသည် အဓမ္မကျင့်မှုဖြင့် ရွှေပြည်သာရဲစခန်းတွင် တိုင်ကြားခံထားရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

အဆိုပါ မိန်းကလေးငယ်၏ မိဘများသည် သြဂုတ် ၂ ရက်က ၎င်းတို့သမီး ကျူရှင်သွားရာမှ အိမ်သို့ပြန် မလာသဖြင့် လိုက်လံရှာဖွေနေခဲ့ကြောင်း၊ ထိုသို့ လိုက်လံရှာဖွေနေစဉ် သူတို့သမီးကို တစ်လမ်းတည်းနေ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်သို့ ခေါ်ဆောင်သွားကာ ပေါင်းသင်းနေထိုင်နေကြောင်း သိရှိခဲ့ရသည်ဟု ရဲကိုတိုင်တန်းရာတွင် ထွက်ဆိုထားသည်။

ထို့ကြောင့် မိဘများသည် သမီးဖြစ်သူကို သြဂုတ် ၆ ရက်တွင် သွားရောက်ခေါ်ဆောင်ခဲ့ပြီး သူ့သမီးကိုပေါင်းသင်း ခဲ့သည့် အမျိုးသားကိုလည်း အသက်မပြည့်သေးသည့် ကလေးငယ်ကို ခိုးယူပေါင်းသင်းသူအဖြစ်စွပ်စွဲကာ ရွှေပြည်သာရဲစခန်း၌ တိုင်တန်းခဲ့သည်ဟု ရဲမှတ်တမ်းတွင်တွေ့ ရသည်။

ယင်းသို့ တိုင်တန်းမှုကို ရွှေပြည်သာရဲစခန်းက အမှုအမှတ် (ပ) ၅၆၆/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူ အမျိုးသားကိုလည်း ဖမ်းဆီးစစ်ဆေးလျှက်ရှိပြီး သူသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အဓမ္မပြုကျင့်မှုဖြင့် တရားစွဲခံရနိုင်ချေရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ