မိန်းမကိစ္စပျော်ပါးရန် ခေါ်ခိုင်းရာမှ ဓါးခုတ်မှုဖြစ်

ရန်ကုန်၊ သြဂုတ် ၉

၈.၈.၂၀၁၃ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ်၊ ဘလုတ်ညွှန့်ရပ်ကွက်နေ ဒေါ်မြင့်သန်းသည် နေအိမ်တွင် ရှိနေစဉ် သားဖြစ်သူ သိန်းကျော်ဦးမှာ ၇.၈.၂၀၁၃ ရက်နေ့ ညက ဓါးခုတ်ခံရ၍ ရန်ကုန်ဆေးရုံကြီး တွင် ရောက်ရှိ ဆေးကုသနေကြောင်း သိရှိရသဖြင့် သွားရောက်ကြည့်ရှုရာ သားဖြစ်သူ တွင် ဦးခေါင်းအလယ်တည့်တည့်၌ ပြတ်ရှသွေးထွက် ဒဏ်ရာရရှိထားသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သားဖြစ်သူအားမေးမြန်းရာ ၇.၈.၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန်ခန့်တွင် သာဓုအနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ သူငယ်ချင်းဖြစ်သူ၏ဆိုက္ကားပေါ်တွင်ထိုင်နေစဉ် ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းရပ်ကွက်နေ ဇော်ထွဋ် (ဘ)ဦးဝင်းလှိုင်၊ လှဝင်းမောင် (စုံစမ်းဆဲ)၊ မျိုးလွင်ဦး(စုံစမ်းဆဲ)တို့ (၃)ဦးရောက်ရှိလာပြီး မိန်းမကိစ္စပျော်ပါးရန်ခေါ်ခိုင်းရာ သားဖြစ်သူမှ ပြည့်တန်ဆာခေါင်း မဟုတ်ကြောင်းပြန်ပြောသည်နှင့်ပတ်သက်၍ စကားများခဲ့ကြကြောင်း၊ ထိုသို့စကား များစဉ် ဇော်ထွဋ်မှ ထီးထဲ၌၀ှက်၍ယူလာသည့် ဓါးရှည်ဖြင့်ခုတ်ခဲ့သဖြင့် ဦးခေါင်းတွင်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရှိခဲ့ပါသည်။

ထိုသို့သားဖြစ်သူကို ဒဏ်ရာရရှိအောင်ပြုလုပ်သူ ဇော်ထွဋ်ပါ(၃)ဦးအား အရေးယူပေးပါရန် ဒေါ်မြင့်သန်းမှ တိုင်တန်းခဲ့သဖြင့် ကြည့်မြင်တိုင်မြို့မရဲစခန်း (ပ)၅၇၂/၂၀၁၃၊ ပုဒ်မ ၃၂၆/၁၁၄ ဖြင့်အမှု ဖွင့်လှစ်ပြီး တရားခံဇော်ထွဋ်အား ဖမ်းဆီးရမိစစ်ဆေးလျက်ရှိကာ ကျန်တရားခံများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ