ခါးပိုက်နှိုက်ဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၁၆

၁၅.၈.၂၀၁၃ရက်နေ့ ၁၀၃၀အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေး တပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည် မင်္ဂလာဒုံမြို့နယ်၊ (၃)လမ်းဆုံကားမှတ်တိုင်၌ ခါးပိုက်နှိုက် ဖမ်းဆီးရေးဆောင်ရွက်စဉ် အမှတ် (၇၉)ယာဉ်လိုင်းပေါ်မှ ဆင်းလာသော ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ၊
ရွှေပြည်သာမြို့နယ်နေသူများဖြစ်သည့် အောင်ကျော်ဦး(ခ)ပြုံးရွှင်
(ဘ)ဦးကျော်စိန်၊ ည/၁၁ ရပ်ကွက်၊ ကျော်ကြီး(ခ)ကျော်ဖေ (ဘ)ဦးမာမတ်၊ တ/၁၅ ရပ်ကွက်နေသူတို့ထံမှ ငွေကျပ်(၁၃၀၀၀)အားတွေ့ရှိရသဖြင့် စစ်မေးရာ ၎င်းယာဉ်ပေါ်တွင်ပါလာသော အသက်(၄၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးထံမှ နှိုက်ယူရရှိခဲ့သည့်ငွေများဖြစ်ကြောင်းသိရှိရသဖြင့် မင်္ဂလာဒုံမြို့မရဲစခန်း (ပ)၅၁၁/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့်
အရေးယူထားရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ