စိန်လက်ကောက်ခိုးယူသူအား ဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၁၆

၁၅.၈.၂၀၁၃ရက်နေ့ ၁၀၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည်လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းတွင် မှုခင်းကျဆင်းရေးဆောင်ရွက်စဉ် ၎င်းလမ်းပေါ်ရှိ န၀လီရွှေဆိုင်သို့ စိန်လက်ကောက်(၁)ကွင်းအားလိုက်လံ
ရောင်းချနေကြောင်းသတင်းရရှိသူ မစုလှိုင် (ဘ)ဦးဝင်း၊ ပိန္နဲကုန်းရပ်ကွက်၊
အင်းစိန်မြို့နယ်နေသူထံမှအလေးချိန် ၈ ပဲ ၂ ရွေးရှိ စိန်လက်ကောက် (၁)ကွင်းနှင့်အတူတွေ့ရှိစစ်မေးခဲ့ရာ အစ်မဖြစ်သူ၏ ပစ္စည်းဖြစ်ကြောင်း သိရှိခဲ့ရသဖြင့်၎င်း၏ အစ်မဖြစ်သူမစန္ဒာအေး(ခ)မစန္ဒာအားဆက်လက် စစ်ဆေးခဲ့ပါသည်။

အဆိုပါလက်ကောက်နှင့်ပတ်သက်၍ မစန္ဒာအေး(ခ)မစန္ဒာသည် ၁၉.၇.၂၀၁၃ ရက်နေ့တွင် အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ ရွာသစ်(၁)လမ်းထဲရှိ အိမ်တစ်အိမ်၏ အလှူတွင်ဝိုင်းကူလုပ်ပေးစဉ် ၎င်းနေအိမ်ဗီရိုအတွင်းမှ ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ပြန်လည်သိမ်းဆည်းပြီး မစန္ဒာအေး(ခ)စန္ဒာအား အင်းစိန်မြို့မရဲစခန်း (ပ)၈၈၉/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ ဖြင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ