အာဏာရှင်ချစ်သူနဲ့ ဒီမိုကရေစီတိုက်ပွဲ

တစ်ရက်ကို ၂၄ နာရီလုံးလုံးနဲ့ တစ်ပတ်လုံးလုံးမှာ ကိုယ့်ရဲ့အာရုံတွေကို အပြည့်အ၀သိမ်းပိုက်ချင် နေတာဟာ တကယ်တော့ကြားရ တာဟုတ်သလိုလိုနဲ့ မဟုတ်တဲ့အ ချက်ပြသင်္ကေတပါ။ ချစ်စကြင်နာ စအချိန်မှာ တစ်ယောက်ကိုတစ် ယောက် မျက်စိအောက်က အ ပျောက်မခံချင်လို့ တပူးပူး တတွဲ တွဲဖြစ်နေတာ သဘာဝကျလှပေ မယ့်

ကိုယ့်အတွက်

ကိုယ့်အချိန် တောင်မပေးနိုင်တော့ လောက် အောင်ရှားပါးသွားပြီဆိုရင် ဒါဟာ ကိုယ့်ရဲ့ဒီမိုကရေစီ တစ်စတစ်စနဲ့ ပျောက်ကွယ်တော့မယ့် လက္ခဏာ ပါပဲ။

အာဏာရှင်ဆန်လာခြင်း

ကိုယ့်ကောင်လေးဟာ ကိုယ့် ကို တခြားမိန်းကလေးတွေနဲ့ သွား လာရောနှောခွင့်မပြုဘူး။ သူကျ တော့ တခြားသူ့သူငယ်ချင်း ယောက်ျားလေးတွေနဲ့ လျှောက် သွားလျှောက်လည်တယ်။ ကိုယ့်ကျ တော့ ဘယ်သူနဲ့မှအဆက်အဆံ မလုပ်ခိုင်းဘူးဆိုရင် ဒါဟာ သူ့အ ချစ်ထဲမှာ အာဏာရှင်အဆိပ်သင့် နေပြီဆိုတဲ့သင်္ကေတပါပဲ။ ကိုယ်နဲ့ တွဲတဲ့ ကိုယ့်သူငယ်ချင်း၊ အပေါင်း အသင်းမိတ်ဆွေတွေကိုလည်း အ မျိုးမျိုးအပြစ်ရှာမယ်။ ဒီလူကတော့ မကောင်းဘူး၊ ဘာဖြစ်တယ်၊ ညာ ဖြစ်တယ်ပြောမယ်။ ကိုယ့်အချစ်ဆုံး သူငယ်ချင်းကိုမုန်းတယ်၊ ကြည့်မရ ဘူး စတာတွေပြောလာလို့ရှိရင် သူဟာ ကိုယ့်အပေါ် စိတ်ပိုင်းဆိုင် ရာအနိုင်ကျင့်လွှမ်းမိုးဖို့လှမ်းနေပြီ လို့သိနိုင်ပါပြီ။

သင်းကွဲစေခြင်း

အဆိုးဆုံးလက္ခဏာကတော့ ကိုယ်ချစ်တဲ့အချစ်ဆုံးသူတွေဆီ ကနေ ကိုယ့်ကို ဖယ်ရှောင်ခိုင်းတာ ပါပဲ။ ကိုယ့်မိတ်ဆွေ၊ ကိုယ့်အပေါင်း အသင်း၊ ကိုယ့်ဆွေမျိုးမိဘတွေနဲ့ အဆက်အဆံမလုပ်ခိုင်းဘဲ သူတစ် ယောက်တည်းကိုပဲ ကိုးကွယ်ခိုင်းတဲ့ သဘောဖြစ်လာပါပြီ။ ကိုယ်ကမနေ နိုင်လို့ ဆက်ဆံမိရင်လည်း ကိုယ့်အ ပေါ်အမျိုးမျိုးအပြစ်ရှာ၊ ပြစ်ချက် တွေစွဲလေ့ရှိမယ်။ သူ့ကိုရွေးမလား၊ ကိုယ့်ချစ်တဲ့မိတ်ဆွေတွေရွေးမလား ဆိုတဲ့ ဘေးကျပ်နံကျပ်ရွေးချယ် မှုတွေ၊ အကျပ်ကိုင်မှုတွေလုပ်လာ မယ်ဆိုရင် သတိသာထားပေတော့ လို့ အကြံပေးပါရစေ။

ရီပို့တ်တင်

ကိုယ်ဘယ်သွားသွား သူ့ကို အကြောင်းကြားထားရမယ်။ အိမ်ကို ဘယ်အချိန် ပြန်ရောက်ပြီလဲဆိုတာ လည်း သူ့ကိုပြန်ပြီးအကြောင်းကြား နေရမယ်။ ဘာလုပ်နေတယ်၊ ဘယ် သွားနေတယ်ဆိုတာတွေကို သူ့ဆီ အကြောင်းကြားနေရမယ်ဆိုရင် ကိုယ်ဟာ လွတ်လပ်ခွင့်ကို အချစ်နဲ့ ရောင်းစားလိုက်ပြီဆိုတာ သိစေချင် ပါတယ်။

အသံတိတ်အပြစ်ပေးခြင်း

သူမကြိုက်တာကို ကိုယ်က တစ်ခုခုလုပ်လိုက်မိပြီဆိုရင် ကိုယ့် ဖုန်းနဲ့ ဆက်တာကိုလည်းပြန်မဖြေ ဘူး။ ကိုယ့်ရဲ့ Text Message တွေ ကိုလည်းမပြန်ဘူး။ ကိုယ့်ရဲ့ အီး မေးလ်တွေကိုလည်းမပြန်ဘူးဆိုရင် ဒါဟာ ကိုယ့်ကိုအသံတိတ်နဲ့အပြစ် ပေးနေတယ်ဆိုတာပါပဲ။ သူ့ဘက် က ဘာကြောင့်စိတ်ဆိုးတယ်၊ စိတ် ကောက်တယ်ဆိုတာကို အကြောင်း ပြချက်မပေးဘဲ သူ့အလိုအတိုင်း ကိုယ့်ကို အပြစ်ပေးနေတာဖြစ်ပါ တယ်။ ကိုယ့်ကိုအပြစ်ပေးနေတာ လုံလောက်ပြီလို့ ယူဆမှသာ သူ့ ဘက်ကပြန်ပြီး အကြောင်းကြား ဆက်သွယ်လာမှာ ဖြစ်ပါတယ်။

စကားလုံးဗုံးများ

စကားလုံးတွေနဲ့ နာကျင် အောင်လုပ်မယ်။ ]မင်းက သောက် သုံးမကျတဲ့ မိန်းမပဲ} ၊ ]မင်းကို ငါမုန်း တယ်} စတဲ့ ကိုယ့်အပေါ် စိတ်နာ ကျည်းစေတဲ့ စကားလုံးတွေနဲ့ထိုး နှက်တယ်ဆိုရင် ဒါဟာ ကောင်းမွန် သာယာတဲ့ အချစ်ရေးလို့မဆိုနိုင်ပါ ဘူး။ ကိုယ့်ရဲ့စိတ်ခံစားချက်၊ တန်ဖိုး တွေကို သူ့စကားလုံးတွေနဲ့အရောင် သွင်းပြီးမှိုင်းတိုက်နေတာပါပဲ။ စိတ် ပိုင်းဆိုင်ရာ အနိုင်ကျင့်လွှမ်းမိုးချင် တဲ့ယောက်ျားဟာ ကိုယ့်အပေါ် ဘာမဟုတ်တာလေးနဲ့ အမျိုးမျိုးအ ပြစ်ရှာငြူစူတတ်ပါတယ်။ ဘာအ မှားမှမလုပ်ဘဲနဲ့လည်း အပြစ်ရှာ လေ့ရှိပါတယ်။ ဒီလိုမျိုးယောက်ျား ဟာ ကိုယ့်ကိုယ်ကိုယ်လည်း ယုံ ကြည်မှုမရှိတဲ့ ယောက်ျားဖြစ်ပြီး အားကိုးရှာနေတဲ့ယောက်ျားမျိုး ဖြစ်ပါတယ်။ နောက်ကျောတစ်ခြမ်း လပ်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတဲ့ ယောက်ျားမျိုးဖြစ်ပါ တယ်။ ဒီလိုယောက်ျားမျိုးနဲ့ဝေး ဝေးရှောင်တာ သင့်အတွက် အ ကောင်းဆုံးအနာဂတ်ရွေးချယ်မှုပဲ ဖြစ်ပါလိမ့်မယ်။

မနာလိုခြင်း

သင်နဲ့သင့်ချစ်သူကောင်လေး တို့ အတူတူအပြင်ထွက်လည်ကြ တဲ့အခါ တခြားယောက်ျားလေးတွေ ကို မြင်မိ၊ ကြည့်မိတဲ့အခါကျရင် ကိုယ့်အပေါ်ပါးစပ်နဲ့စကားနာထိုး မယ်၊ အနိုင်ကျင့်မယ်။ ကိုယ်က စ ကတ်တိုတိုလေးတွေ ၀တ်လာတဲ့ အခါကျရင်လည်း ]မင်းတော်တော် နန့်နေတာလား} စသဖြင့် စကားနာ ထိုးမယ်။ မနာလိုမယ်။ ရန်စောင် မယ်။ ကိုယ်ကြိုက်တာ ကိုယ်မ၀တ်ရဲ တဲ့အခြေအနေမျိုးအထိရောက်နေ မယ်ဆိုရင် သင့်အတွက် တော်လှန် ရေးစဖို့ အချိန်တန်ပြီဆိုတာပါပဲ။

လိင်ကိစ္စ

လိင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ မပြောချင်ပေမယ့် သိသင့်တယ်လို့ ယူဆတဲ့အတွက် ဖော်ပြပေးလိုက်ရ ပါတယ်။ ဒီကိစ္စမှာလည်း ကိုယ်မ ကြိုက်တဲ့အပြုအမှုမျိုးတွေနဲ့ ကိုယ့် အပေါ်ဆက်ဆံလေ့ရှိပါတယ်။

လက်ပါခြင်း

စိတ်နဲ့ အနိုင်ကျင့်နေရာကနေ
ကိုယ်ထိလက်ရောက်အနိုင်ကျင့်တာ တွေပါပြုလုပ်လာတတ်ပါတယ်။ ပါး ရိုက်တာမျိုး၊ နာကျင်အောင်ပြု လုပ်တာမျိုးတွေ ပြုလုပ်လာလေ့ ရှိပါတယ်။

အကြံပြုစကား

သင်ဟာ လူသားတစ်ယောက် ဖြစ်ပါတယ်။ သင်ဟာ လူသားတစ် ယောက်ရဲ့ အခွင့်အရေးတွေ၊ ရပိုင် ခွင့်တွေကို သင့်အနေနဲ့ ရရှိပိုင်ခွင့် ရှိပါတယ်။ သင့်ချစ်တဲ့သူဟာ သင့် ရဲ့အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို နင်းခြေပစ်ခွင့်မရှိပါဘူး။ တကယ် ချစ်တဲ့သူဟာလည်း ဒီလိုမလုပ်ပါ ဘူး။ စိတ်ပိုင်းဆိုင်ရာအားနည်းချက်၊ ဒဏ်ချက်ရှိနေတဲ့သူတွေသာ ဒီလိုပြု မူလေ့ရှိပါတယ်။ တကယ်ချစ်တဲ့ သူဟာ ကိုယ့်အပေါ်ကြင်နာမှု၊ လေး စားမှု၊ ယုယမှုတွေနဲ့ပဲ ဆက်ဆံလေ့ ရှိပါတယ်။
စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံ ထားရသူဟာ ဒီဒဏ်ချက်ကြောင့် တစ်ဘ၀လုံး ပြောင်းလဲသွားတတ် ပါတယ်။ ဒါကို ကိုယ်ကိုယ်တိုင်ပြု ပြင်မှပဲရပါလိမ့်မယ်။ မလုံခြုံတဲ့ဘ၀၊ မှောင်မိုက်နေတဲ့ဘ၀မှာပဲ နေမယ့် အစား အလင်းတောက်တဲ့နေ့သစ် တွေကိုလှမ်းချီနိုင်ကြပါစေလို့ ညီမ ငယ်တွေကို အကြံပြုလိုက်ရပါ တယ်။__

မေနဒီ (8 DAYS JOURNAL)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ