ဆူဇီ၏ အဝေးက ဆုတောင်း တစ်ကိုယ်တော်အခွေ စက်တင်ဘာ ထွက်မည်

ရတုအဆက်ဆက် တေးသီချင်းနဲ့ ပရိသတ် အားပေးမှု ရရှိထား တဲ့ တေးသံရှင် ဆူဇီဟာ သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော် တေး စီးရီးဖြစ်တဲ့ ‘အဝေးက ဆုတောင်း’ အခွေကို စက်တင်ဘာလ ပထမပတ်မှာ ထွက်နိုင်အောင် ပြင်ဆင်နေတယ်လို့ The Voice ကို ပြောပါတယ်။

“ဒီအခွေထဲမှာ ဆူဇီက ရတုအဆက်ဆက် တေးသီချင်းလို ပုံစံ သီချင်း အမျိုးအစားတွေ ပါမှာပါ။ အဲဒါကလည်း ဆူဇီ ဆိုနေကျ ပုံစံ အေးအေး ချိုချိုလေးတွေ ပါမယ်။ သီချင်းအေးတွေချည်းပဲ ကျတော့ ရှိုးပွဲတွေကျရင် အဆင်မပြေဖြစ်မှာစိုးလို့ သီချင်း အမြူးလေးတွေ သုံး၊ လေးပုဒ်လောက် ပါပါမယ်” လို့ တေးသံရှင် ဆူဇီက ဆိုပါတယ်။

ရတုအဆက်ဆက် တေးသီချင်း အယ်လ်ဘမ်ထွက်ပြီးနောက် ပရိသတ်ကို ပစ်ပယ်သလို ဖြစ်သွား၍ တောင်းပန်ကြောင်း၊ လတ်တလော အနုပညာ လှုပ်ရှားမှုတွေ အနေနဲ့ ပျော်ရွှင်ခြင်း လက်ဆောင် (၂) အတွဲခွေမှာ ပါထားပါတယ်လို့ ၎င်းက ပြောပါတယ်။

တေးသံရှင် ဆူဇီဟာ ရတုအဆက်ဆက် တေးသီချင်း အခွေနှင့် တွေ့စက အတိုင်းပဲ တေးသီချင်း အယ်လ်ဘမ်တို့ ထွက်ရှိခဲ့ပြီး သင်္ကြန်တေးသီချင်း အတွဲခွေများတွင်လည်း ပါဝင် သီဆိုခဲ့သည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ