ဒိုင်ဗင်ထိုးပွဲတွင် ကလာရာ ဒဏ်ရာရ

နာမည်ကျော် ကိုရီးယား အမျိုးသမီး သရုပ်ဆောင် ကလာရာတစ်ယောက် ဒိုင်ဗင်ထိုးပွဲ တစ်ခုမှာ မတော်တဆ ထိခိုက်မိပြီး တင်ပါးမှာ ဒဏ်ရာ ရသွားခဲ့တယ်လို့ kpopinsider.com မှာ ဖော်ပြထား ပါတယ်။

ကလာရာဟာ ...MBC ရုပ်သံလိုင်းက စီစဉ် တင်ဆက်တဲ့ ကိုရီးယားရဲ့ နာမည်ကျော် အနုပညာရှင်တွေ ဒိုင်ဗင်ထိုးပြမယ့် Star Diving Show Splash အစီအစဉ် ရိုက်ကူးဖို့အတွက် သြဂုတ်လ ၉ ရက်နေ့ တုန်းက ရေကူးကန်ထဲကို ဒိုင်ဗင် ထိုးဆင်းရင်းနဲ့ တင်ပါးမှာ ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ကလာရာဟာ မတော်တဆ ထိခိုက်မှု ဖြစ်ပြီးခါစမှာ ဒဏ်ရာ မပြင်းထန်ဘူး ထင်ပြီး ဒိုင်ဗင်ထိုး ဆက်လက် လေ့ကျင့်နေခဲ့ပါသေးတယ်။

ဒါပေမဲ့ နောက်တစ်နေ့ (သြဂုတ်လ၊ ၁၀ ရက်) မှာတော့ သူမရဲ့ ဒဏ်ရာဟာ အလွန်အမင်း နာကျင်လာတဲ့အတွက် ဆေးရုံသို့ သွားရောက်ပြီး ကုသမှု ခံယူခဲ့ရပါတယ်။

အဲဒီလို ဆေးရုံ တက်ရောက် ကုသမှု မခံယူမီမှာ ကလာရာဟာ tvN ရုပ်သံလိုင်းရဲ့ SNL Korea အစီအစဉ် အစမ်း လေ့ကျင့်မှုမှာ ပါဝင် သရုပ်ဆောင်နေခဲ့တာ ဖြစ်ပြီး အစမ်း လေ့ကျင့်မှု ပြီးပြီးချင်းပဲ ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

“ကလာရာရဲ့ ကျန်းမာရေးကသာ အရေးကြီးဆုံး ဖြစ်တာကြောင့် SNL Korea အစီအစဉ် ထုတ်လုပ်ရေးမှူးတွေကို ခွင့်တောင်းပြီး သူ့ကို ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ခဲ့ပါတယ်။ ပြန်လည် ကျန်းမာလာတာနဲ့ တစ်ပြိုင်နက် အဲဒီ အစီအစဉ်မှာ ပြန်လည် ပါဝင်မှာပါ” လို့ ကလာရာရဲ့ အေဂျင်စီ က ကြေညာခဲ့ပါတယ်။

အစီအစဉ်ကို သြဂုတ်လ ၂၃ ရက်နေ့ မှာ စတင် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ