တင်ကွတ်ကို ခြေလှမ်းသွက်သွက်လှမ်းစေရန် သတိပြန်ရလာသော Apple Board အဖွဲ့

Apple ၏ အမှုဆောင်အရာရှိချုပ် တင်ကွတ်သည် အများအမြင်တွင် ထက်မြက်သည်၊ အမျှော်အမြင်ရှိ သည်၊ စဉ်းစားချင့်ချိန်နိုင်သည်ဟု ထင်မြင...်ခံရပြီး Apple ၏ အလုပ်အမှုဆောင်များအမြင်တွင်လည်း စဉ်းစား ချင့်ချိန်မှုရှိသူဟု ထင်မြင်ကြသည်။

အမေရိကန် ဒုသမ္မတဟောင်း Al Gore၊ Intuit ဥက္ကဋ္ဌ Bill Campbell နှင့် Disney၏ အမှုဆောင်ချုပ် Robert Iger တို့ကဲ့သို့ အကျော်အမော်များပါဝင်သော အမှုဆောင်အဖွဲ့အနေဖြင့် လွန်ခဲ့သော ကာလများ အတွင်း Apple ၏ တီထွင်ဆန်းသစ်မှုမရှိခြင်းကို စိုးရိမ်စပြုနေပြီဖြစ်သည်။

ယင်းသို့စိုးရိမ်မှုရှိနေခြင်းမှာ အနိမ့်ဆုံးအဆင့်အနေဖြင့် ထင်သာမြင်သာရှိသော တီထွင်ဆန်းသစ်မှုမျိုး နည်းပါးခြင်းဖြစ်သည်။

ကမ္ဘာ့ iPhones ဈေးကွက်တွင်း လွှမ်းမိုးမှု ထက်ဝက်ခန့်လျော့ကျသွားပြီးနောက်တွင် ဒါရိုက်တာ အဖွဲ့ဝင် များအနေဖြင့် ပြောဆိုဆွေးနွေးမှုများ လုပ်လာရပြီဖြစ်သည်ဟု Fox စီးပွားရေးသတင်းတစ်ရပ်က ဆိုသည်။

ထို့အပြင် ယမန်နှစ်က ကုမ္ပဏီရှယ်ယာတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇၀၀ နီးပါးရှိခဲ့ရာမှ ယခုအချိန်တွင် အမေရိကန်ဒေါ်လာ ၄၆၁ ဒေါ်လာသို့ ကျဆင်းသွားခဲ့သည့်အတွက် ကုမ္ပဏီအနေဖြင့် ဘီလီယံရာပေါင်းများ စွာ ဆုံးရှုံးသွားခဲ့ရသောကြောင့်လည်းဖြစ်သည်။

တင်ကွတ်၏ ရာထူးအတွက် စိုးရိမ်ရသော အခြေအနေတွင်မရှိသေးသော်လည်း ဘုတ်အဖွဲ့ဝင်များအတွက် စိုးရိမ်နေရပြီဟုလည်း Fox သတင်းဌာနမှ သတင်းထောက် Charlie Gasparino က ၎င်းနှင့်နီးစပ်ခိုင်လုံ သော သတင်းရင်းမြစ်များ၏အဆိုအရ သိရသည်ဟု ဆိုသည်။

“နောက်ဆုံးအချိန်အထိ သူတို့ ဘာတွေလုပ်ပြီးခဲ့ပြီလဲ။ သူတို့မှာ iPad နဲ့အတူ အခြားပစ္စည်းသစ် အနည်း ငယ်ကို ထုတ်ပြီးခဲ့ပါပြီ။ ဒါပေမဲ့ သူတို့မှာ စတိဂျော့ဗ်ကပေးခဲ့တဲ့ တီထွင်ဆန်းသစ်မှုတွေ မရှိပါဘူး”လို့ Gasparino က ဆိုသည်။

“ဒီလိုအခြေအနေက တင်ကွတ်ကို တီထွင်ဆန်းသစ်မှုရှိဖို့နဲ့ တစ်ခုခုကို မြန်မြန်လုပ်ဆောင်ဖို့အတွက် တွန်း အားပေးစေတဲ့ စိုးရိမ်မှုတွေ ဖြစ်ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

လာမည့်ဆောင်းဦးပေါက်နှင့် နွေရာသီတွင် ဆန်းသစ်တီထွင်မှုရှိသော iPhone 5S, ဈေးသက်သာသော ပလတ်စတစ် iPhone 5 နှင့် iPad များ ထွက်ရှိလာမည်ဖြစ်သည်ဟုလည်း ဆိုသည်။

သို့သော် နိုင်ငံတကာဈေးကွက်တွင် သိသိသာသာရောင်းအားကျနေခြင်းကို ဖော်ပြခဲ့ပြီး သုံးလပတ်ကာလ အတွင်း ရောင်းအားကျနေခြင်းကို ရှောင်နိုင်ရန် အမေရိကန်နိုင်ငံအတွင်းက ရောင်းအားခန့်မှန်းချက်ထက် ကျော်လွန်နေခြင်းကိုလည်း အားကိုးနေသည်။

သို့သော် အဓိကပြဿနာသည် စမတ်ဖုန်းအများစုကို ရောင်းချနေသည်က အမေရိကန်နိုင်ငံအတွင်း တစ်ခု တည်းတွင် မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံ၏ ၀ယ်လိုအားထက် နှစ်ဆခန့်များသော တရုတ်နိုင်ငံအတွင်းမှာ ဖြစ်သည်။
တရုတ်နိုင်ငံအတွင်းတွင် iPhone ဈေးနှုန်းမှာ ကြီးမြင့်နေပြီး လူပေါင်းသန်း ၇၀၀ ခန့်အသုံးပြုနေ သော တရုတ်တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ China Mobile နှင့် ဈေးနှုန်း ကိစ္စညှိနှိုင်းရာတွင်လည်း အဆင်မပြေဖြစ်နေသည်။ သို့ဖြစ်၍ Apple အနေဖြင့် တရုတ်တယ်လီဖုန်းဈေးကွက်အတွင်းတွင် အဆင့်ခုနစ် နေရာတွင်သာ ရပ်တည်နေနိုင်ခြင်းဖြစ်သည်။

အမှုဆောင်ချုပ်တွေအနေနဲ့ ရလဒ်ကောင်းတွေ စဉ်ဆက်မပြတ် ဖန်တီးနိုင်ဖို့အတွက် ဖိအားပေးခံနေရပါပြီ။ ဘုတ်အဖွဲ့က စိုးရိမ်နေတယ်ဆိုတာကို ကျွန်တော့်အနေနဲ့ မကြာ ခဏကြားခဲ့ရပါပြီ။

ဒါကြောင့် ဒီလူတွေက အလုပ်နဲ့တိုက်တန်တဲ့ နေရာမှာရှိသလားဆိုတာကို စဉ်းစားရပါ တယ်မယ်”ဟုလည်း Gasparino က ဆိုသည်။

“တင်ကွတ်ရဲ့ထိုင်ခုံက စိုးရိမ်ရတဲ့အနေအထားမှာ မရှိသေးပါဘူး။ ဒါပေမဲ့ သူရရှိတဲ့ အခွင့်အရေးကို အသုံးချ ပြီးတော့ ဒီနှစ်နွေရာသီမှာ ပစ္စည်းအသစ်တွေ ထွက်ရှိမှာမဟုတ်ဘူးလို့လည်း မကြေညာသေးပါဘူး” တစ်ချိန် တည်းတွင် Google နှင့် Android ဖုန်းများထုတ်လုပ်သော Samsung အပါအ၀င် ၎င်း၏ အကျိုးတူ ပူး ပေါင်းလုပ်ဆောင်သူများအနေဖြင့် စမတ်ဖုန်းဈေးကွက်၏ ၈၀ ရာခိုင်နှုန်းခန့်ကို လွှမ်းမိုးနေပြီဖြစ်သည်။ စတိ ဂျော့ဗ်ဖောက်ခဲ့သော လွယ်ကူစွာကျော်ဖြတ်ရန် ခက်ခဲသည့်ဈေးကွက်လွှမ်းမှုသည် တဖြည်းဖြည်းနှင့် ကျ ဆင်းလာနေပြီဖြစ်သည်။

“ဒါကြောင့် တင်ကွတ်နှင့် Apple တို့က ဒီအခြေအနေကို ကျော်ဖြတ်နိုင်ပါ့မလား၊ ဘုတ် အဖွဲ့ကရော သူ့ကို အချိန်ဘယ်လောက်ပေးမှာလဲဆိုတာတွေက မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါပြီ”

အောင်မင်း ဘာသာပြန်သည်။
Mizzima News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ