မသင်္ကာသူအား စစ်ဆေးရာမှ ဆိုင်ကယ်ခိုးမှု(၂)ဖော်ထုတ်ရရှိ

ရန်ကုန်၊ သြဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေး တပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ခိုးမှုများကျူးလွန်ထားကြောင်း မသင်္ကာသတင်းရရှိထားသူ မောင်မောင်မြင့်(ခ)ဗေလုဝ(ဘ)ဦးကြီးမြင့်၊ (ဃ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေသူအား ၃.၈.၂၀၁၃ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ခိုးမှုများနှင့် ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

၎င်းအား စစ်ဆေးခဲ့ရာ ၂၅.၇.၂၀၁၃ ရက်နေ့ ၂၂၀၀ အချိန်ခန့်တွင် တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ရာရှိ ကွမ်းယာဆိုင်ရှေ့တွင် သော့တန်းလန်းဖြင့်ရပ်ထားသော Hea Ben အမျိုးအစား နက်ပြာရောင် ဆိုင်ကယ်(၁)စီးအားခိုးယူခဲ့ကာရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်၍ ပြန်လည်သိမ်းဆည်းခဲ့ပြီး တာမွေမြို့မရဲစခန်း (ပ) ၃၂၄/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ ဖြင့်လည်းကောင်း၊
၂၇.၇.၂၀၁၃ ရက်နေ့ ၁၃၀၀ အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (၁၀)ရပ်ကွက်၊ မေဓါဝီလမ်းဆုံရှိ အောင် လက်ဖက်ရည်ဆိုင်ရှေ့တွင် သော့တန်းလန်းဖြင့်ရပ်ထားသော JLM-CZI -125 ဆိုင်ကယ်(၁)စီးအား ခိုးယူခဲ့ကာပေါင်နှံထားကြောင်း စစ်ဆေးပေါ်ပေါက်၍ ပြန်လည် သိမ်းဆည်းခဲ့ပြီး မြောက်ဥက္ကလာပမြို့မရဲစခန်း(ပ)၆၂၉/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ ဖြင့်လည်းကောင်း အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ