ယာဉ်ပိတ်ရပ်သည့် ကိစ္စနှင့် ပတ်သက်၍ ဓါးခုတ်မှုဖြစ်ပွား

ရန်ကုန်၊ သြဂုတ် ၈

၆.၈.၂၀၁၃ ရက်နေ့ ၂၂၀၀ အချိန် သာကေတမြို့နယ်၊ ထူပါရုံရပ်ကွက်နေ ရဲထက်နိုင် (ဘ)ဦးထွန်းထွန်းသန်းသည် ၎င်းယာဉ် နောက်လိုက် အဖြစ်လုပ်ကိုင်သည့် (၄၉)ယာဉ်လိုင်း ၆က/----ဒိုင်နာယာဉ်အား သင်္ဃန်းကျွန်း စံပြဈေးတွင် ဂိတ်ထိုးထားရှိစဉ် (၄၉)ယာဉ်လိုင်း (နံပါတ်မမှတ်မိ) ယာဉ်အား မောင်းနှင်သည့် ဂနို(စုံစမ်းဆဲ)၊ ယာဉ်နောက်လိုက် ကုလား (စုံစမ်းဆဲ)တို့နှင့် ယာဉ် ပိတ်ရပ်သည့်ကိစ္စနှင့် ပတ်သက်၍ စကားများခဲ့ကြပါသည်။

ထိုသို့ဖြစ်ပွားခဲ့ပြီး ၇.၈.၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန် သာကေတမြို့နယ်၊ ရှုခင်းသာလမ်းရှိ (၄၉)ယာဉ်လိုင်းဂိတ်တွင် ရဲထက်နိုင်မှာ ၎င်း၏ ယာဉ်မောင်းဖြစ်သူ ဝေယံမင်းနှင့်အတူ ရှိနေစဉ် ဂနိုနှင့်ကုလားတို့မှ ဓါးရှည်နှင့်သုံးမြှောင့်ချွန် များကိုင်ဆောင် ရောက်ရှိလာပြီး ဂနိုမှ ရဲထက်နိုင်အား ဓါးဖြင့်ထိုးခဲ့၍ ယာဘက်ရင်ဘက်တွင် ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိကာ ကုလားမှဝေယံမင်းအား သုံးမြှောင့်ချွန်ဖြင့်ထိုးခဲ့ သော်လည်း မထိခဲ့သဖြင့် ယာဉ်အနီးတွင်ရှိနေသော ရဲထက်နိုင်၏ မိခင်ဒေါ်မေစီ အားဂနိုနှင့်ကုလားတို့မှဓါး၊သုံးမြှောင့်ချွန် တို့ဖြင့်ထိုးခုတ်ခဲ့ကြသောကြောင့် ဒေါ်မေစီတွင် ဦးခေါင်းထိပ်၊ ၀ဲဘက်ရင်ဘက်၊ ၀ဲပုခုံးတို့တွင်ပြတ်ရှထိုးသွင်းဒဏ်ရာများရရှိခဲ့ပါသည်။

အဆိုပါဖြစ်ပွားမှုနှင့်ပတ်သက်၍ ဂနိုနှင့်ကုလားတို့အပေါ်အရေးယူပေးရန် ရဲထက်နိုင်မှတိုင်တန်းခဲ့သဖြင့် သာကေတ မြို့မရဲစခန်း (ပ)၄၁၄/၂၀၁၃ ပုဒ်မ ၃၂၆/၃၂၄/၁၁၄ ဖြင့်အမှုဖွင့်အရေးယူခဲ့ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ