အသည်းရောဂါများနှင့် လက္ခဏာဆင်သည့်ရောဂါ ပထမဆုံး သုတေသနပြုမှု ၂၀၁၅ တွင် အပြီးသတ်မည်

အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးတို့၏ ရောဂါလက္ခဏာနှင့် ဆင်တူကာ အသက်အန္တရာယ်ရှိသည့် Leptospirosis ရောဂါကို ပထမဦးဆုံးအကြိမ်အဖြစ် သုတေသန ပြုလုပ်လျက်ရှိပြီး ၂၀၁၅ ခုနှစ်တွင် အပြီးသတ်မည် ဖြစ်ကြောင်း ဆေးသုတေသန (အောက်မြန်မာပြည်) ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါက်တာမြင့်ဦးက The Voice သို့ ပြောကြားသည်။

ထိုရောဂါသည် ကြွက်ကတစ်ဆင့် အိမ်မွေးတိရစ္ဆာန်တို့ကို ကူးစက်ပြီး ထိုမှတစ်ဆင့် လူသို့တစ်ဖန် ကူးစက်သော ရောဂါ ဖြစ်ကြောင်း၊ ယင်းကြောင့် အသည်းရောင်အသားဝါ ဖြစ်စေနိုင်ကာ အသက်ဆုံးရှုံးနိုင်ကြောင်း ၂၀၀၃ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် International Leptospirosis Society တို့ ပူးပေါင်းထုတ်ပြန်သော စာတမ်းအရ သိရသည်။

“Leptospirosis ရောဂါက အသည်းရောင်အသားဝါ ဗက်တီးရီးယားကြောင့် ဖြစ်တာ။ အသည်းဘီပိုး၊ စီပိုးတို့က ဗိုင်းရပ်စ်ကြောင့် ဖြစ်တာ။ အဲဒီတော့ ဆေးပေးတာမှားရင် ဗက်တီးရီးယားကို ပိုကြီးထွားအောင် လုပ်ပေးသလိုဖြစ်ပြီး ရောဂါပိုဆိုးနိုင်တယ်” ဟု ဒေါက်တာမြင့်ဦးက ထပ်လောင်းရှင်းပြသည်။

ယခုအခါ ယင်းရောဂါနှင့် ပတ်သက်၍ သုတေသန ပြုလုပ်မှုသည် တစ်ဝက်နီးပါး ပြီးမြောက်နေပြီ ဖြစ်ကြောင်း၊ ထိုရောဂါပိုးကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်း (National Heath Laboratory) တွင် စစ်ဆေးကြည့်ရှုနိုင်ပြီ ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

ထို Leptospirosis ရောဂါသည် မြန်မာနိုင်ငံတွင် ၁၉၇၀ ခုနှစ်က စတင်တွေ့ရှိခဲ့ပြီး မိုးတွင်းကာလ၌ မြန်မာနိုင်ငံ နေရာ အနှံ့အပြားတွင် ဖြစ်ပွားကာ အရှေ့တောင်အာရှ နိုင်ငံများနှင့် တောင်အမေရိက နိုင်ငံများတွင်လည်း ယင်းရောဂါ တွေ့ရှိရကြောင်း ဒေါက်တာမြင့်ဦးက ဆိုသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ