လမ်းဖြတ်ကူးသူအား ယာဉ်တိုက်မှုဖြစ်

ရန်ကုန်၊ သြဂုတ် ၉

၈.၈.၂၀၁၃ ရက်နေ့ ၂၁၁၀ အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းအတိုင်း အသင်းတိုက်မီးပွိုင့်ဘက်မှ စံပြဈေး ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော ယာဉ်အမှတ်၊ အမျိုးအစား (စုံစမ်းဆဲ)ယာဉ်သည် ဘ၀မြင့်မှတ်တိုင်အနီးအရောက် အရှေ့မှအနောက်သို့ လမ်းဖြတ် ကူးသူ မ၀တ်ရည်ထူး၊ (ဘ)ဦးကျော်ကျော်ထူး၊ လေးထောင့်ကန်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ် နေသူနှင့် မ၀တ်ရည်လှိုင်၊ (ဘ)ဦးကျော်နိုင်၊ ထီးတန်းအိမ်ရာ၊ ကြည့်မြင်တိုင်မြို့နယ် နေသူတို့ (၂)ဦးအား
တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားသဖြင့် မ၀တ်ရည်ထူးတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ၀ဲလက်ဖူးယောင်ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင်အတွင်းလူနာ(စိုးရိမ်ရ)နှင့် မ၀တ်ရည်လှိုင်တွင် ဦးခေါင်းဖူးယောင်၊ ညာခြေထောက်နာကျင်ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ်ကုသရသောကြောင့် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း(စုံစမ်းဆဲ)အပေါ် သင်္ဃန်းကျွန်းမြို့မရဲစခန်း ယာဉ်(ပ)၂၄/၂၀၁၃၊ ပုဒ်မ ၃၃၈/၃၃၇/၂၀၂ ဖြင့်အမှုဖွင့်ထားရှိပြီး တရားခံဖမ်းဆီးရမိရေး
စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ