ဝေဖန်းဖလား ပြိုင်ပွဲတွင် ယူ ၁၉ အသင်း အသန့်ရှင်းဆုံး ဆုရ

ရန်ကုန်၊ သြဂုတ် ၈

ဥရောအခြေစိုက် အသင်းများ ပါဝင်သည့် တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် တရုတ် ဖိတ်ခေါ် လူငယ် ဘောလုံးပြိုင်ပွဲ Weifang Cup တွင် မြန်မာ ယူ ၁၉ အသင်း အသန့်ရှင်းဆုံးဆု ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်မင်းထိုက်က ပြောကြားသည်။

ယင်းဝေဖန်း လူငယ် ဖိတ်ခေါ်ပြိုင်ပွဲတွင် ဥရောပ၊ အာရှနှင့် တောင်အမေရိကတိုက်တို့မှ လူငယ် အသင်း ၁၂ သင်း ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ရာ မြန်မာအသင်းက အသန့်ရှင်းဆုံးဆု ရရှိခဲ့ခြင်း ဖြစ်သည် ဟု ၎င်းက ဆိုသည်။

မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် စုစုပေါင်း ၆ပွဲ ကစားခဲ့ရပြီး ၂ ပွဲနိုင်၊ ၄ ပွဲရှုံး နိမ့်ကာ ရဂိုး ၈ ဂိုး၊ ပေးဂိုး ၁၂ ဂိုးဖြင့် အဆင့် ၆ နေရာ ရရှိခဲ့ပြီး ဘရာဇီးကလပ် ဆော်ပေါ်လို လူငယ်အသင်းက ပထမနေရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်း ထုတ်ပြန်ခဲ့သည်။

ယင်းပြိုင်ပွဲသို့ မြန်မာ ယူ ၁၉ အသင်းအနေဖြင့် နိုင်ငံတကာ အတွေ့အကြုံ ရရှိရန်အတွက်သာ အဓိကထား ဝင်ရောက် ယှဉ်ပြိုင် ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးကျော်က ပြောကြားသည်။

ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၄ ရက်နေ့ထိ တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ယင်းပြိုင်ပွဲသို့ ပေါ်တူဂီ ကလပ် ပေါ်တို လူငယ်အသင်း၊ ဘရာဇီး ကလပ် အသင်းများ ဖြစ်သည့် ဘိုတာဖိုဂို၊ ဆော်ပေါ်လို လူငယ် အသင်းများ၊ မက္ကဆီကိုကလပ် ချီးဗက် လူငယ်အသင်းနှင့် တရုတ်၊ မြောက်ကိုရီးယား၊ အီရန်၊ ဘာရိန်း၊ မွန်ဂိုလီးယား လူငယ် အသင်းများ၊ ဟောင်ကောင်ကလပ် ရိန်းဂျားအသင်းနှင့် တရုတ်ကလပ် ရှန်ဒေါင်းအသင်း လူငယ်အသင်းတို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။

MNL-2 ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အဆင့် ၄ နေရာ ရရှိခဲ့သည့် မြန်မာ ယူ ၁၉ အသင်းကို ဂျာမနီနိုင်ငံသား နည်းပြဂတ် ဖရိုင်းဒရစ်က တာဝန်ယူ ကိုင်တွယ်လျက် ရှိသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ