အင်တာမီလန် ရှယ်ယာများ ရောင်းရန် အသင်းပိုင်ရှင် ကြိုးပမ်း


အီတလီ စီးရီးအေ ထိပ်တန်းအသင်း တစ်သင်းဖြစ်သော အင်တာမီလန် အသင်း၏ ရှယ်ယာ ၇၀ ရာခိုင်နှုန်း (ယူရို သန်း ၃၀၀ တန်ကြေးရှိ) ကို အသင်းပိုင်ရှင် မက်ဆီမို မိုရတ်တီက အင်ဒိုနီးရှား စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သော Erick Thohir ကို ရောင်းချရန် ကြိုးပမ်းနေကြောင်း Goal အားကစား ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။

အင်တာမီလန် အသင်း၏ ရှယ်ယာများ ရောင်းချရန် စီစဉ်ရခြင်းနှင့် ပတ်သက်ပြီး အသင်းပိုင်ရှင် မို ရတ်တီက “ရှယ်ယာတွေ ရောင်းတယ်ဆိုတာ ပရိသတ်တွေရဲ့ အကျိုးအတွက်ပါ။ အင်တာမီလန် အသင်းကို ခေတ်မီတဲ့ နည်းလမ်းနဲ့ စီမံ ခန့်ခွဲမယ်” ဟု အီတလီ သတင်းစာ Gazzetta dello sport သို့ ပြောကြားခဲ့သည်။

အင်တာမီလန်အသင်း အနေနှင့် ယခင်ကကဲ့သို့ အောင်မြင်မှု ရရှိလိုပါက ကမ္ဘာတစ်ဝန်းတွင် အသင်း၏ ပုံရိပ် ပိုမို ကျယ်ပြန့်လာအောင် လုပ်ဆောင် ရမည်ဖြစ်ကာ အတိတ်က အောင်မြင်မှုများကို လွမ်းဆွတ် တမ်းတနေခြင်းကို စွန့်လွှတ်ပြီး အနာဂတ်ကို မျှော်ကြည့်ရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် အီတလီ ဘောလုံးလောက ကျဆင်းနေရခြင်းမှာ ငွေကြေးဆိုင်ရာ စီမံ ခန့်ခွဲမှု အလွဲများကြောင့် ပေးဆပ်နေရခြင်း ဖြစ်ပြီး၊ အချိန်မီ မပြုပြင် ပါက အောင်မြင်မှု ရရန် ဆက်လက် ရုန်းကန်ရမည် ဖြစ်ကြောင်း မိုရတ်တီက ဆိုသည်။

အင်တာမီလန် အသင်းသည် နည်းပြဟောင်း မော်ရင်ဟို ကိုင်တွယ်ခဲ့စဉ်က အီတလီ စီးရီးအေ ပြိုင်ပွဲတွင် နှစ်နှစ် ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့သလို အီတလီ စူပါဖလား၊ အီတလီ ရှုံးထွက်ဖလားနှင့် ချန်ပီယံလိဂ် ဖလားများ ရရှိပြီး သမိုင်းဝင် အောင်မြင်မှု ရရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ် စီးရီးအေပြိုင်ပွဲ တွင် အဆင့် ခြောက်နှင့် ၂၀၁၃ စီးရီးအေ ပြိုင်ပွဲတို့တွင် အဆင့် ၉ သာ ရရှိခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်နှင့် ဝေးခဲ့ရသည်။

လာမည့် ရာသီသစ်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့် ပြန်လည် ရရှိစေရန် အတွက် လူငယ်နည်းပြ စထရာမတ် စီယိုနီနေရာတွင် နာပိုလီအသင်း နည်းပြဟောင်း ဝေါလ်တာ မက်ဇာရီးကို ခန့်အပ်ထားသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ