အနုပညာနဲ့ ကင်းကွာသွားမယ့် သူမျိုးမဟုတ်ကြောင်း စံရတီမိုးမြင့် ဖွင့်ဟ


ဒါရိုက်တာဒေါနရိုက်ကူးနေတဲ့ ဇာတ်ကားမှာ စံရတီမိုးမြင့်က ဟိန်းဝေယံနဲ့ အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ် ကားထဲမှာ စံရတီမိုးမြင့်က အိမ်ထောင် မပြုချင်တဲ့အတွက် ရာဇဝင် ထဲပြန်ရောက် သွားပြီး စိတ်မနှံ့ချင်ယော င်ဆောင်ထားသူအဖြစ် သရုပ် ဆောင်ထားပါ တယ်။

စံရတီမိုးမြင့်က အခုနောက်ပိုင်းမှာ ရိုမန့်ဇာတ် ကားလေးတွေကို ပိုအရိုက်များလာပြီး ကိုယ်ရိုက်တဲ့ဇာတ် ကားလေးတွေကိုကြည့်ပြီး ပရိသတ် စိတ်ချမ်းသာသွားတယ်ဆိုရင် ကျေနပ်မိတယ်လို့ ဆိုပါတယ်။

"အခုနောက်ပိုင်းမှာ ဖန်စီဟာ သလေးတွေ သိပ်ပြီး တော့ မရိုက်ဖြစ် ဘူး။ ဒါပေမဲ့ဇာတ်တွေအားလုံးကို တော့ မျှပြီးတော့ ရိုက်ဖြစ်နေတယ်။ ရိုမန့်ဇာတ်လမ်းတွေ ပိုပြီး ရိုက်တာ များလာတယ်။ များသောအားဖြင့်တော့ ပရိသတ် က ဇာတ်လမ်းကောင်း ရင်ကြည့်ကြတယ်။ နောက်ပြီး ဟာသဇာတ်ဆိုပိုပြီးကြိုက်ကြတယ်။ ဟာသကတော့ လူတွေ က အပူအပင်များကြတဲ့အတွက် ဒီလိုမျိုးဟာသဇာတ်လေး ကြည့်ပြီး ရီရတဲ့အချိန်လေးတွေမှာ စိတ်အပန်းဖြေကြတယ်။ အဲဒီတော့ စံရတီအနေနဲ့က ဇာတ်လမ်း လေးလည်းကောင်း မယ်။ ပရိသတ်လည်း ကြိုက်မယ်။ ဇာတ်လေးတွေကို ပိုပြီးတော့ ရိုက်ဖြစ်မယ်။ ကိုယ်ရဲ့ ဇာတ်လေးကိုကြည့်ပြီး ပရိသတ်တွေ စိတ်ချမ်းသာသွားတယ်ဆိုရင်ပဲ ကျေ နပ်မိပါတယ်" လို့ ပြောပါတယ်။ ပရိသတ်တွေလက်ခံ တဲ့အထိ အနုပညာအလုပ်ကို ဆက်ပြီးလုပ်သွားမယ်လို့ ပြောလာတဲ့စံရတီမိုးမြင့်က "ပရိသတ်တွေ လက်ခံတဲ့ အထိ အနုပညာအလုပ်ကိုလုပ်သွား မယ်။တချို့ တွေက အသက်ကြီးသွားရင် အနုပညာ အလုပ်မလုပ်တော့တာ တွေရှိတယ်။ စံရတီ ကတော့ သေချာ ကံသေကံမပြောလို့ မရ ဘူး။ အဲဒီအတွက်
ပရိသတ်တွေ လက်ခံတဲ့ အထိလုပ် သွားမယ်လို့တော့စိတ်ကူးထား တယ်။ အနုပညာရှင်ဆိုတာ လုံးဝမလုပ် တော့ဘူးဆိုရင်တောင် ကင်းကွာတာ မျိုး တော့ မရှိဘူးလေ။ အနုပညာအလုပ်ကို လုံးဝမလုပ်တော့ ဘူးဆိုရင်တောင်မှလုံးဝကြီး ကင်းကွာသွားမယ့်သူမဟုတ်ဘူးလို့ ကိုယ့် ကိုယ်ကိုယ်ခံယူထားတယ်" လို့ ဆိုပါတယ်။

လွင်လွင်ထွန်း - Popular Journal
ဓာတ်ပုံ-မင်းမင်းထွန်း

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ