တန်နက်ဆီ ပြည်နယ်သား တစ်ဦး ခြောက်ရက် ကျော်ကြာ ရေငုပ်၍ စံချိန်တင်နိုင်ခဲ့


အမေရိကန် ပြည်ထောင်စု တန်နက်ဆီ ပြည်နယ်သား စကူဘာ ရေငုပ်သမား (ကျောပိုး သယ်ဆောင် နိုင်သော ရေအောက် အသက်ရှူ ကိရိယာဖြင့် ရေ ငုပ်ခြင်း) တစ်ဦးသည် ရေအောက်တွင် ခြောက် ရက် ကျော်ကြာအောင် နေပြ၍ စံချိန်သစ် တင်နိုင်ခဲ့ပြီးနောက် သြဂုတ် ၂ ရက်က ရေပြင်ပေါ်သို့ ပြန်လည် ပေါ်ထွက် လာခဲ့ကြောင်း သိရသည်။

ဂျဲရီဟော အမည်ရှိ အဆိုပါ ရေငုပ်သမားသည် ဇူလိုင် ၂၇ ရက် နေ့လယ်ပိုင်း က ရေအောက်ဘက်သို့ ငုပ်လျှိုး သွားခဲ့ခြင်း ဖြစ်ပြီး ခြောက်ရက်နှင့် တစ်နာရီ ၄၂ မိနစ် အကြာတွင် တန်နက်ဆီ ပြည်နယ် အရှေ့မြောက်ထောင့် ရှိ South Holston Cake တွင် ရေပြင်ပေါ်သို့ ပြန်လည် ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဟောသည် ရေမျက်နှာပြင် ပေါ်သို့ ပြန်ရောက်သော အခါ စိတ်လှုပ်ရှားလျက် ရှိသော်လည်း အားနည်းလျက် ရှိကြောင်း၊ အထူးသဖြင့် မိမိက ၎င်းအား ပွေ့ဖက်ထားသော အခါတွင် အခြေအနေမှာ ပိုဆိုးခဲ့ကြောင်း ဟော၏ နည်းပြလည်း ဖြစ်ပြီး ဖခင်လည်း ဖြစ်သော အယ်လာဟဲလ်တန်က ပြောကြားထားသည်။

အသက် ၄၉ နှစ် ရှိပြီဖြစ်သော ဟောသည် ရေငုပ်နေစဉ်တွင် အရည်ကိုသာ သောက်ဖွယ်ရှိပြီး ရေပေါ်သို့ ပြန်ရောက် ချိန်တွင် ကိုယ်အလေးချိန် ပေါင် ၃ဝ ကျသွားသလို အလွန်အမင်း အားနည်း နေခဲ့ကြောင်း ဟဲလ်တန်က ပြောကြား ခဲ့သည်။

ဟော၏ ရေငုပ် စံချိန်သည် ယခင် ငါးရက်ဖြင့် စံချိန် တင်ထားသော ဖလော်ရီဒါ ပြည်နယ်မှ ရေငုပ်သမား၏ စံချိန်ကို ကျော်ဖြတ် နိုင်ခဲ့သောကြောင့် ကမ္ဘာ့စံချိန် တင်နိုင်ရန် အတွက် ဂင်းနစ်စံချိန် အဖွဲ့သို့ တင်ပြသွား မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ