အိန္ဒြာကျော်ဇင် - ဘာလေးပဲရရ ကိုယ့်ရင်သွေးမို့လို့ တန်ဖိုးထားပြီးချစ်မှာပါ


အခုလောလောဆယ်ဇာတ် ကားရိုက်ခဏနားထားပေမယ့် ကိုယ်ဝန်မဆောင်ဖြစ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေး ကြောင့်ပါ။ ကျန်းမာရေးဒေါင်ဒေါင် မြည်သွားမှ ရင်သွေးထပ်ယူမှာပါ။ ကျန်းမာရေးကလည်း ကြီးကြီးမား မားမဟုတ်ပါဘူး။ နည်းနည်း Medical Checkup လေးလုပ်ကြည့်ချင် လို့ပါ။ ယောက်ျားလေးလား၊ မိန်း ကလေးလားဆိုတာက ဘာလေးပဲ ရရ ကိုယ့်ရင်သွေးမို့ တန်ဖိုးထားပြီး ချစ်မှာပါ။ ]မ}တို့က Celebrity စုံ တွဲမို့လို့ နေရကျဉ်းကျပ်တာမျိုး၊ အ နေခက်တာမျိုးမရှိပါဘူး။ ]မ}တို့နှစ် ယောက် အနုပညာလောကမှာကျင် လည်လာတဲ့သက်တမ်းကလည်း မ နည်းတော့ဘူးဆိုတော့ နေတတ် သွားပါပြီ။ ယဉ်ကျေးမှုဆိုတာက ]မ} တို့မြန်မာနိုင်ငံအတွက် အရမ်းလို အပ်တယ်။ ကိုယ့်ရဲ့မြန်မာယဉ်ကျေး မှုပေါ့။ ကိုယ်ကမြန်မာပြည်မှာနေ တယ်။ မြန်မာအမျိုးသမီးတစ် ယောက်ဖြစ်တယ်။ အဲဒီအတွက် ယဉ်ကျေးမှုက နေရာတိုင်းလိုအပ် တယ်။ အရမ်းကြီးအစွန်းရောက်ပြီး လွတ်လပ်တာမျိုးက မကောင်းဘူး။ အထိန်းအကွပ်မဲ့လွတ်လပ်တာမျိုးမ ဟုတ်ဘဲနဲ့ သူ့နေရာနဲ့သူ ထိန်းထိန်း သိမ်းသိမ်းလွတ်လပ်တာမျိုးလေးက မြန်မာတွေအတွက်ပိုပြီးသင့်တော် တယ်။ ]မ}ကတော့ ကိုယ့်ရဲ့ဖက်ရှင် ကို update ဖြစ်တာသဘောကျ တယ်။ ဒါပေမဲ့စည်းလွတ်ဘောင် လွတ်နဲ့ အရမ်းဟော့ဖြစ်တာမျိုးကို တော့ ]မ}သဘောမကျဘူး။ ကိုယ်နဲ့ လည်းမလိုက်ဖက်ဘူးလို့ထင်တယ်။ ]မ}ကတော့ အ၀တ်အစားဝတ်ရင် ခေတ်လည်းမီမယ်၊ ဖက်ရှင်လည်း ဖြစ်မယ်၊ ကိုယ်လည်းစိတ်တိုင်းကျ တဲ့ဝတ်စုံမျိုးဖြစ်ရမယ်။ အဲဒီလိုမျိုး ဘောင်ထဲကပဲဝတ်ဖြစ်တယ်။ ]မ}ကို အခုထိပရိသတ်တွေအားပေးနေကြ တာ အရမ်းဝမ်းသာတယ်။ ပျော် လည်းပျော်တယ်။ ကိုယ့်ကိုအားပေး တော့ ကြိုးစားရကျိုးနပ်ပြီး အားရှိ တာပေါ့။ ဆက်ပြီးတော့လည်း ပရိ သတ်တွေအတွက် ]မ}အမြဲကြိုးစား သွားမှာပါ။

8 DAYS A WEEK ENTERTAINMENT

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ