ရှစ်လေးလုံးအရေး တော်ပုံ မမီလိုက်ကြ သည့် လူငယ်မျိုးဆက် သစ်တို့၏ ဒီမိုကရေစီ လှုပ်ရှားမှု ပဲ့တင်သံ


သြဂုတ်လ ၈ရက်နေ့သည် အထူးခြားဆုံး နေ့တစ်နေ့ဖြစ်သည် ဟုဆိုရမည်။ အဘယ် ကြောင့်ဆိုသော် မြန်မာတစ်မျိုးသားလုံး၏ အာဇာနည်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သည် နိုင်ငံခြားမှ လက် နက်နှင့် စစ်ပညာ အကူအညီတောင်းပြီး
နယ်ချဲ့အင်္ဂလိပ်တို့ကို တော်လှန်တိုက်ထုတ် ပစ်မည်ဟူသော ဆန္ဒဖြင့် သခင်လှမြိုင်နှင့်အတူ တရုတ်နိုင်ငံအမွိုင်သို့ ရှေးရှု၍ မြန်မာနိုင်ငံမှ လျှို့ဝှက်ထွက်ခွာသွားခဲ့သော နေ့ရက်မှာ ၁၉၄ဝခုနှစ် သြဂုတ်လ ၈ရက်နေ့ ည၁၁နာရီ မိနစ် ၃ဝအချိန်ပင်ဖြစ်သည်။ ထိုနေ့သည် မြန်မာ့လွတ်လပ်ရေး အတွက် အဓိပ္ပာယ်သစ် ဖြစ်စေခဲ့သော နေ့တစ်နေ့ဟုဆိုရမည်ဖြစ် သည်။

ထို့နောက်စစ်အာဏာရှင်ဆန့်ကျင် ရေး၊ တစ်ပါတီစနစ်ပြုတ်ကျရေး တို့အတွက်ရဟန်းရှင်လူကျောင်းသား၊ ကျောင်း သူများက အသက် ၊သွေး၊ချွေးများ စွန့်ကာ တိုက်ပွဲဝင်ခဲ့ ကြသည်။ ၈လေးလုံး အရေးတော်ပုံ ဟုခေါ် သော ၁၉၈၈ခုနှစ် သြဂုတ်လ ၈ရက်နေ့ သည် မြန်မာ့ဒီမိုကရေစီ သမိုင်းအတွက် သွေးနဲ့ရေးခဲ့ရသော နေ့ရက်များထဲမှ အထူးခြားဆုံးနေ့ဖြစ် သည်။ မြန်မာနိုင်ငံ၏ 'ဒုတိယလွတ်လပ်ရေး တိုက်ပွဲကြီး' ဟု သတ်မှတ်သော ၈ လေးလုံး အရေး တော်ပုံကြီးသည် မြန်မာ့သမိုင်း တွင်သာမက ဒီမိုကရေစီ လှုပ်ရှားမှုများ သမိုင်းတွင် ထူးခြားထင်ရှားခဲ့တာ ကြောင့် မမီလိုက်ကြ သော ကမ္ဘာ့မျိုးဆက်သစ်လူငယ်များ၏ နှလုံးသားထဲတွင် ခေတ်အဆက်ဆက်၊ ရတု အဆက်ဆက် သမိုင်းအမွေ၊ ဒီမိုကရေစီအမွေ ကိန်းအောင်းသန္ဓေ တည်စေလိုသည့် ဆန္ဒဖြင့် လွတ်မြောက် ခြင်း ဝိညာဉ်လူငယ်တို့၏ ဒီမိုကရေ စီလှုပ်ရှားမှုပဲ့တင်သံများကို စုစည်း ဖော်ပြလိုက်ပါသည်။

► စိတ်ဝင်စားမှုနှင့် လူငယ် မိုဃ်းသွေး -

" ခေတ်တစ်ခေတ်မှာလည်း အရေး တော်ပုံတွေ ရှိခဲ့တယ်။ ကျွန်တော်တို့ သမိုင်းမှာ ၈လေးလုံးမတိုင်မီကတည်းက အရေးတော်ပုံ တွေ အများကြီး ရှိခဲ့တယ်။ အမျိုးသားနိုးကြားမှု ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲမှာ ဗိုလ်ချုပ်အောင်ဆန်းတို့၊ သခင်နုတို့လို နိုင်ငံ ရေးခေါင်းဆောင် ပုဂ္ဂိုလ်တွေ ပေါ်လာတယ်။ နောက်ဆက်တွဲ မျိုးနွယ်တွေက လွတ်လပ်ရေး ကို ရယူကြတယ်။ ဒီလို လူထုလှုပ်ရှားမှုကြီး ဖြစ်တိုင်း ဖြစ်တိုင်း မှာ ခေတ်ေ ရှ့ကိုတစ်ချက် ရွှေ့ပြီး အချိုးအကွေ့တွေရှိခဲ့တယ်။ ကျွန်တော် တို့ ၈လေးလုံးပြီးတာတောင် လွတ်လပ်ရေး မရကြပါလားလို့ ပြောေ ကာင်ြးေ ပာကြမယ်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ စစ်အာဏာ ရှင်ဟာ သူတို့ စိတ်ကြိုက်အုပ်ချုပ်မရတာ တော့တွေ့ရှိရတယ်၊ ရှစ်လေးလုံးကို ရှုံးနိမ့် တယ်။ ၈လေးလုံးရဲ့ ကြိုးပမ်းမှုကြောင့်ပဲ။ ခေတ်တိုင်းမှာ အရေးတော် ပုံရှိတယ်။ အရေးတော်ပုံတိုင်းက ကျွန်တော်တို့ အတွက် အနာဂတ် သစ်တစ်ခုတစ်ခု ယူလာတယ်"

► ဒီငြိမ်းလင်း

"ပွင့်လင်းမြင်သာမှုရှိတဲ့ ဒီအ ချိန်မှာ ဒီသမိုင်းတွေတောက်ေ လျှာက် တော်လျှောက် ဖော်ထုတ်ဖို့ လိုအပ် တယ်။ ခေတ်ကြီး က ပြန်ပြီးတော့ ဖြောင့်လို့မရဘူး။ နောက်ကြောလှည့် မလှည့်ဆိုတာ အဲဒီအချိန်မှာ ကျွန် တော်တို့က ဒီသမိုင်းတွေ ပြန်ပြီး မှေး မှိန်သွားမှာ လားဆိုတဲ့ မေးခွန်းရှိလာ မယ်။ ပွင့်လင်းမြင်သာရှိလာမှ မဟုတ်ဘူး။ သမိုင်းဆိုတာ အမှန်ကို အမှန်အတိုင်း ရေးဖို့ရှိတယ်။ အဲဒါမှ လူငယ်တွေက အတုယူ၊ သင်ခန်းစာ ယူလို့ရတယ်။ ကျွန်တော်တို့ သင်ခဲ့ရ တဲ့ သမိုင်းဖတ်စာတွေ ဘယ်သူ့ကိုမှ မပြောပြနိုင်ဘူး။ နိုင်ငံရေးသမိုင်းဆို တာက တက်လာတဲ့ နိုင်ငံရေးလူက သူတို့ သမိုင်းတွေကိုပဲ ရေးကြတာပဲ။ အခုဗိုလ်ခင်ညွန့်သမိုင်းတွေအစအန လေးတောင် ရှာလို့မတွေ့ဘူး။ ပွင့် လင်းမြင်သာမှုရှိ၊မရှိ သမိုင်းကို သမိုင်းအတိုင်း အစစ်အမှန်တိုင်း ဖော်ထုတ်ဖို့ ကျွန်တော်ကတော့ လို လမ့်မယ်လို့ ထင်တယ်။ ဒီမိုကရေစီ လမ်းကြောင်း ကို လျှောက်လမ်းနေ တဲ့ ကာလမှာ မဟုတ်ဘူး။ လူငယ် တွေရဲ့ အခန်းကဏ္ဍကို အာဏာရှင် စနစ်ကိုသွားတဲ့ လူငယ်တွေရဲ့ အခန်း ကဏ္ဍကိုလည်း ဖော်ထုတ်ရ မှာပဲ။ လူငယ်တွေရဲ့ အခန်းကဏ္ဍ တိုင်းပြည်တစ်ပြည်မှာ ဘယ်လောက် အရေးကြီးလဲဆိုတာလူငယ်ရော လူ ကြီးရော လက်ခံထားကြတာပဲ"

► အိအိမိုး

"၈လေးလုံးမှာ ကျွန်မဟာ ၂ လလောက်ပဲရှိသေးတယ်။ အဘိုး အဘွားအဖေအမေတွေ ပြန်ပြော ပြကြတယ်။ ၈လေးလုံးအရေးတော် ပုံက တကယ်တအားကို ကြီးမားတဲ့ စံချိန်တင်တဲ့ လူသန်းနဲ့ချီလူထုတွေ က လမ်းပေါ်ထွက်လာဖို့ဆိုတာ မလွယ်ဘူး။ အားလုံးက တစ်သံထဲ တစ်စိတ်တစ်ဝမ်းထဲ ဖြစ်ဖို့ဆိုတာ တော်ရုံတန်ရုံအခြေအနေမှာ ဖြစ် လာနိုင်တဲ့အတိုင်းအတာမဟုတ်ဘူး။ဒီလိုဖြစ်လာတာကို တွေးကြည့်လို့ တောင် မရဘူး။ အကယ်၍ သမိုင်း အထောက်အထားမရှိရင် ကျွန်မတို့ ယုံမှာမဟုတ်ဘူး။ သန်းချီတဲ့လူတွေ လမ်းပေါ်မှာ ဒီလို ထွက်လာတာကို မှတ်တမ်းတွေသာ မရှိရင် မယုံဘူး။ ကြည်း၊ရေ၊လေတပ်မတော်၊ အလုပ်သမား၊ အထက်တန်းကျောင်း သားတက္ကသိုလ်ကျောင်းသား၊ လယ် သမားအားလုံးက သူ့ဘာသာ အသီး သီးက ပါဝင်လာတယ်။ ဒီ၈လေးလုံး က ကျွန်မတို့နိုင်ငံမှာ တကယ်ကြီးမား ခဲ့တဲ့ သမိုင်းတစ်ခုပဲ။ ကျွန်မပြော လိုက်လို့ အနှစ်သာရပျက်သွားမှာ စိုးရိမ်တယ်။တအားလေးနက်ပြီး ပေးဆပ်မှုေ တွ ပြောမပြတတ် အောင် ဖြစ်တယ်။ ၈လေးလုံးမှာ သတိထားမိတယ်။ သပိတ်စုံရင် သူပုန်ထတယ်။ လွန်ခဲ့တဲ့ လေး၊ငါး နှစ်က သူပုန်ကို
လူဆိုးလို့ နား လည်ထားတယ်။ နောက်မှ ကျွန်မ သိလာတယ်။ သူပုန်ရဲ့ အဓိပ္ပာယ်က ဘာလဲ။ ဘာဖြစ်လို့ ပုန်ကန်တာလဲ။ မလိုချင်လို့ပေါ့။ လူတစ်စုတစ်ဝေး တည်း ပုန်ကန်ဖို့ဆိုတာ မလွယ်ဘူး။ အဲလို ပုန်ကန်ပြီဆိုရင် သတိထားဖို့ က ကျွန်တော်တို့ တိုင်းပြည်မှာ တစ် ခုခုလို အပ်နေလို့ ပဲ။ ပြည်သူလိုအပ် တာလား၊ အစိုးရလိုအပ်တာလား သေချာသိရမယ်"

► နွေးနွေး

"၈လေးလုံး အရေးတော်ပုံဖြစ် တာ ၂နှစ်ကျော်လောက်ပဲရှိတယ်။ မိဘတွေပြောပြတာ၊ ကြားရတာ စာတွေဖတ်ရတာ အတွေ့အကြုံရ တယ်။ လူထုအရေးတော်ပုံ လူထုအုံ ကြွမှုဖြစ်ဖို့ဆိုတာ တစ်ခုဖြစ်ပြီးနောက် ဆက်တွဲပါလာဖို့ဆိုတာ တော်တော် ခက်ခဲမယ်။ သူတို့တွေက ဆန္ဒတွေ တအားတူညီပြီး တစ်ခုက ဖြစ်လာ တာကို နောက်တစ်ခုကို ကူးစက်ပြီး လူထုအုံကြွမှုဆိုတာ ဖြစ်လာတယ်။ သူတို့လိုချင်တာက ဘာလဲ အကုန် လုံးက လိုချင်တာ။ ဒါပဲ လိုချင်တယ် လို့ ဆိုတာ တူညီလို့ဖြစ်လာတာ။ မတရားတာလိုချင်တာမဟုတ်ဘူး။ တရားတာလို ချင်နေတဲ့အတွက်ပါ။ လူတွေရဲ့ဆန္ဒက တော်တော်ကို အရေးပါတယ်။ ကမ္ဘာမှာတောင်ပါ တယ်။ တစ်ယောက်ရဲ့ဆန္ဒမဟုတ် ဘူး။ အများရဲ့ဆန္ဒကြောင့် ဖြစ်ပေါ် လာတယ်။ တောင်းဆိုချက်တွေ၊ လှုပ် ရှားမှုတွေကို လစ်လျူရှုလို့မရဘူး။ တာဝန်ရှိတဲ့သူတွေက လိုက်လျော မပေးရင် လူထုအုံကြွမှုဆိုတာ ဖြစ် လာတယ်။ ၈၈ကာလမှာ ကြီးပျင်းခဲ့ မယ်ဆိုရင် သေချာတယ်။ ထိပ်ဆုံးက နေလိုက်မှာပဲ။ အခုမတရားတာတွေ ရှိရင် ကိုယ်က ပါဝင်ချင်တယ်။ ဦး မဆောင်ရပေမယ့် ပူးပေါင်းပြီး ပါဝင် ရတဲ့ကဏ္ဍတစ်ခု တတက်တအား ပါမိမှာပဲ။ ၈၈မှာသာဆိုရင် သေရင် သေမလားမဟုတ်ရင် အကျဉ်း ထောင်ထဲမှာ လဲနေရောက်နေမိမှာ"

► မိုဃ်းသွေး-

ဘာကြောင့်လဲဆို တော့ ၈၈အရေးတော်ပုံဆိုတာ သူ့မှာဖြစ်လာတဲ့အကြောင်း အရင်းရှိတယ်။ ၁၉၈၈ခုနှစ်နှစ် တစ်ခုတည်းမှာ ပဲပေါ်ပေါက်လာ တဲ့ အရေးတော်ပုံ မဟုတ်ဘူး။ ၁၉၆၂ ဦးနေဝင်း အာဏာသိမ်း တာကနေစပြီး ဖြစ်ခဲ့တဲ့ ပြ ဿနာ အဲဒီကတည်း ကစခဲ့တဲ့ပြဿနာကနေ လွတ်မြောက်ဖို့ အတွက် ၈လေးလုံးက ဖြစ်လာ တယ်လို့ တစ်စိတ်တစ်ဒေသ ပြောလို့ရတယ်။ အဲဒီကနေ ၉၆၊ ၉၈၊၂ဝဝ၇ ကျွန်တော် တို့ပါဝင် လာတယ်။ ဒီအရေးတော်ပုံရဲ့ သမိုင်းကို မျိုးဆက်သစ်တွေ က လှိုင်းလိုပဲ တစ်ဆင့်တစ်ဆင့် သယ်လာခဲ့တယ်။

► အိအိမိုး

၈လေးလုံးအရေးတော်ပုံဆို တာ၈ရက်နေ့မှာဝုန်းဆိုပြီး ထဖြစ် တာလည်း မဟုတ်ဘူး။ ပဲခူးမှာ ဆို ၆ရက်နေ့မှာ ပဲခူးအမျိုးသား ကျောင်းမှာ ဘရိတ်ကယ်ရင်းနဲ့ ဝင်ပစ်တာကျောင်းသားနှစ်ယောက် သေတယ်။သေသွားတဲ့ကျောင်း သားအလောင်းတွေကို လုံးဝမ သင်္ဂြိုဟ်ဘဲ အဲဒီကနေ တဖြည်း ဖြည်းလူထုတွေပါလာပြီး ၈လေး လုံးစဖြစ်သွားတာ။ အဲဒါမတိုင် ခင်ကတည်းက သူ့မြို့နယ်အလိုက် ဖြစ်နေကြတာပဲ။ တကယ်သမိုင်း တင်သွားတော့၈လေးလုံး သမိုင်း တင်သွားတယ်။၆ရက်နေ့မှာ လုပ် ဖြစ်တာတော့ဂုဏ်ယူမိတာပေါ့။

► ဒီငြိမ်းလင်း-

ဒီ၈၈မှာ ပြည်သူလူထု တွေ အထူးသဖြင့် ကျောင်းသား တွေသေဆုံးကြတာ တော်တော်များ တယ်။နိုင်ငံတကာကနေ မှတ် တမ်းတင်ခဲ့တယ်။ကျွန်တော်ထင် တာကလေအဲဒီနေ့မှာ ကျဆုံးခဲ့တဲ့ လူတွေကိုအထိမ်းအမှတ် အနေ နဲ့ရင်ပြင်လေးပဲဖြစ်ဖြစ်လုပ် သင့်တယ်လို့ မြင်တယ်။

► နွေးနွေး-

အစ်မတော့ လုပ်သင့်တယ် ထင်တယ်။ ကျဆုံးတဲ့သူတွေက အညတရတွေလည်းပါတယ်။ ပြည်သူလူထုကို ကိုယ်စားပြုမယ် ဆိုရင် တကယ်ဝမ်းနည်းခြင်း အထိမ်းအမှတ်မဟုတ် ရင်တောင် မှအမှတ်အသားလေး တစ်ခု လုပ်သင့်ပါတယ်။

► မိုဃ်းသွေး-

ဒီလို အမှတ်အသား မျိုး လုပ်သင့်ပါတယ်။ သမိုင်း အမှန်ကို လည်း ဖော်ထုတ်သင့် တယ်။ ၈လေးလုံးအပါအဝင် နှစ်၅ဝလောက်အာဏာရှင် စနစ် ကြီးထဲမှာလှုပ်ရှားရင်း အသက် ပေးသွားတဲ့သူရှိတယ်။

► အိအိမိုး-

ဒီအခမ်းအနား လုပ်တာ ဘာရလာလဲ၊သမိုင်းတွေမပျောက် တာတော့မှန်တယ်။ ဒါပေမဲ့ပြီး ပြည့်စုံသွားတယ်လို့မခံစားရဘူး။ တစ်ခုခုကို တောင်းကိုတောင်း ဆိုသင့်တယ်။

► နွေးနွေး-

ဒီပွဲမှာဘာလုပ်မှာလဲ၊ ဘာ တွေ တောင်းဆိုလို့ရလဲဆိုတာ လုပ်ကိုလုပ်ရမယ်။

► ဒီငြိမ်းလင်း-

လုပ်တဲ့ပွဲတွေက အနှစ် သာရတွေ ပြည့်မယ်လို့ မျှော် လင့်တယ်။ ၈၈ ငွေရတုမှာ တကယ်ပဲ အနှစ်သာရပြည့်စုံတဲ့ ပွဲတစ်ပွဲ ဖြစ်ပါစေ နိုင်ငံရေးမှာ သော်လည်းကောင်း၊ ငြိမ်းချမ်း အရ သော်လည်းကောင်းစသော တောင်းဆိုမှုတွေ၊ ဒါတွေမျှော် လင့်မိတယ်။

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ