ချစ်သူနှင့် ထာဝရ လက်တွဲခွင့်ရပြီး ပျော်ရွှင်နေသည့် လီဗြောင်ဟွန်း

တောင်ကိုရီးယား ရုပ်ရှင်လောက၏ ဦးဆောင် မင်းသားအဖြစ် လူသိများပြီး ဟောလီးဝုဒ်ထိ ထိုးဖောက်နိုင်ခဲ့သူ လီသည် ကာလရှည်ကြာ တွဲခဲ့သည့် ချစ်သူ လီမင်ဂျွန်းနှင့် စနေနေ့က လက်ထပ်ခဲ့ကြသည်။

ချစ်သူနှင့် လက်ထပ် ထိမ်းမြားခွင့် ရခဲ့ခြင်းအတွက် အလွန် ပျော်ရွှင် မိကြောင်း တောင်ကိုရီးယား ရုပ်ရှင်မင်းသား လီဗြောင်ဟွန်းက ဝန်ခံ ပြော ကြားလိုက်သည်။ တောင်ကိုရီးယား ရုပ်ရှင်လောက၏ ဦးဆောင် မင်းသား အဖြစ် လူသိများပြီး ဟောလီးဝုဒ်ထိ ထိုးဖောက်နိုင်ခဲ့သူ လီသည် ကာလ ရှည် ကြာ တွဲခဲ့သည့် ချစ်သူ လီမင်ဂျွန်းနှင့် စနေနေ့က လက်ထပ်ခဲ့ကြ သည်။ ဆိုးလ်တွင် ကျင်းပခဲ့သော မင်္ဂလာပွဲသည် တောင်ကိုရီးယား ရုပ်ရှင်လောက၏ အလင်းလက်ဆုံး ကြယ်နှစ်ပွင့် ပေါင်းဖက်မှုလည်း ဖြစ် လာ ခဲ့သည်။ အသက်(၄၃)နှစ်ရှိ မင်းသားက ၎င်း၏ ချစ်သူနှင့် လက်ထပ်ခဲ့ရမှုအပေါ် ကျွန်တော့်အတွက်တော့ အိပ်မက်တွေ တကယ်ဖြစ်လာတာပါပဲဟု မီဒီယာများထံ ပျော်ပျော်ရွှင်ရွှင် မှတ်ချက်ပေးခဲ့သည်။

မင်းသမီး လီကလည်း မှတ်မှတ်ရရ ကျွန်မတို့ မင်္ဂလာပွဲနေ့ မနက်ပိုင်းမှာ လျှပ်စီးတွေလက်ပြီး မိုးတွေလည်း ခြိမ်းတယ်။ ကိုရီးယား ရှေးရိုး စကားပုံတွေအရ လက်ထပ်ပြီးစ မင်္ဂလာ စုံတွဲတွေအတွက် လျှပ်စီးနဲ့ မိုးခြိမ်းမှုတွေက ကောင်းမွန်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ကျွန်မတို့ နှစ်ယောက်ရဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် အတူတကွ အကောင်းဆုံး ရှေ့ဆက်သွားချင်ပါတယ်ဟု ဖွင့်ဟခဲ့သည်။ G.I. Joe ဇာတ်ကားနှစ်ခုတွင် သရုပ်ဆောင်ခဲ့သလို Iris ဇာတ်လမ်းတွဲများကြောင့် နာမည်ကျော်ခဲ့သော လီသည် မကြာသေးမီက ရုံတင်ခဲ့သည့် Red 2တွင်လည်း မင်းသား ဘရုစ်ဝီလီနှင့်အတူ အပြိုင်ကြဲထားခဲ့သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ