ဘယ်စမတ်ဖုန်းတွေက အကောင်းဆုံးလဲ

နိုင်ငံတကာက လေ့လာသူတွေရဲ့ကောက်ယူထားတဲ့ စစ်တမ်းများအရ
အကောင်းဆုံး စမတ်ဖုန်း ၁၇ နှစ်လုံးကိုယခုလိုကြေငြာချက်ထုတ်ပြန်ထား
ပါတယ်။သို့ပေမယ့် အဆိုပါကြေငြာချက်တွေကို လက်ခံပေးတဲ့သူတွေ ရှိသလို၊ ...ဝေဖန်ဆန့်ကျင်ခဲ့သူတွေလည်း အများအပြားပါပဲ။

လက်ရှိနိုင်ငံတကာဈေးကွက်မှာ အရောင်းသွက်နေပြီးဈေးနှုန်းအရကော၊
နည်းပညာဖန်တီးမှုအပိုင်းတွေကိုပါ၊အချိုးစားကျ တွက်ချက်ပြီး
ကောက်ယူထားတယ်လို့တော့ ဆိုထားပါတယ်။

ကောက်ယူထားတဲ့ စစ်တမ်းတွေမှာတော့ အကောင်းဆုံးစမတ်ဖုန်းကို
HTC One လို့ဆိုထားပြီး၊အရေအတွက်စီးရီးများတဲ့ Samsung Galaxy S4
ကတော့ နံပတ်-၂ မှာအစဉ်လိုက်ရပ်တည်နေပါတယ်။ဈေးနှုန်းအရကော၊
အရည်သွေးပိုင်းပါ လူစိတ်ဝင်စားမှုအများဆုံးရှိတဲ့ Apple ရဲ့ iPhone 5 ကတော့ နံပတ်-၃ နေရာမှာရှိနေပြီး၊မကြာသေးခင်မှာ ထွက်ထားတဲ့
Motorola ရဲ့  Motor X ကတော့ နံပတ်-၁၀ မှာသတ်မှတ်ထားပါတယ်။

ပြည်တွင်းဈေးကွက်မှာ အောင်မြင်နေတဲ့ Huawei ကတော့
Huawei Ascend Mate ဆိုတဲ့အမှတ်တံဆိပ်နဲ့ အကောင်းဆုံးစမတ်ဖုန်း တစ်လုံးအဖြစ် အမှတ်စဉ်-၁၆ မှာသတ်မှတ်ထားပါတယ်။

အစဉ်လိုက်သတ်မှတ်ထားတဲ့မှတ်တမ်းများကတော့-

(1)HTC One
(2)Samsung Galaxy S4
(3)Apple iPhone 5
(4)Sony Xperia Z
(5)Nexus 4
(6)Samsung Galaxy Note 2
(7)Samsung Galaxy S4 Active
(8)Samsung Galaxy SIII
(9)Nokia Lumia 925
(10)Motorola Moto X
(11) HTC One mini
(12)Samsung Galaxy S4 Mini
(13)Nokia Lumia 1020
(14)Nokia Lumia 620
(15)iPhone 4S
(16)Huawei Ascend Mate
(17)BlackBerry Q10

စတဲ့ စမတ်ဖုန်းအမျိုးစားတွေက အစဉ်လိုက်ရပ်တည်နေတယ်လို့ ထုတ်ပြန်
ထားပါတယ်။ပွဲဆူအောင်လုပ်သလိုဖြစ်နေပြီထင်တယ်။စာဖတ်သူတွေကော
ဘယ်လိုများမြင်ပါသလဲ။ကွန်မက်လေးပေးပြီးဝေဖန်ပေးပါဦး။

Ref:Pocket-link
Khun Nay(August Myanmar Media Group)

TechSpace Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ