ရော်နယ်လ်ဒိုနှင့် ဂျေလို အမှတ်တရ တွေ့ဆုံ

ရော်နယ်လ်ဒိုနှင့် ဂျေလို အမှတ်တရ တွေ့ဆုံ အမေရိကန်သို့ ရောက်ရှိနေသည့် ခရစ္စတီယာနို ရော်နယ်လ်ဒိုတစ်ယောက် ဂျနီဖာ လိုပက်ဇ် (ဂျေလို)နှင့် အမှတ်တရ တွေ့ဆုံခွင့် ရရှိခဲ့

အမေရိကန်သို့ ရောက်ရှိနေသည့် ခရစ္စတီယာနို ရော်နယ်လ်ဒိုတစ်ယောက် ဂျနီဖာ လိုပက်ဇ် (ဂျေလို)နှင့် အမှတ်တရ တွေ့ဆုံခွင့် ရရှိခဲ့ကြောင်း သိရသည်။ ၎င်းသည် ရီးယဲလ်မက်ဒရစ် အသင်းနှင့်အတူ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်အဖြစ် လိုက်ပါလာပြီး လော့စ်အန်ဂျလိစ်ရှိ ဒေါ့ဒ်ဂျာ ကွင်းကြီးတွင် အဲဗာတန်ကို (၂-၁)ဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်၌ ဂိုးသွင်းခဲ့သေးသည်။ ရော်နယ်လ်ဒိုသည် ရီးယဲလ် နည်းပြဟောင်း ဟိုဆေး မော်ရင်ဟို ကိုင်တွယ်နေသည့် ချယ်လ်ဆီးနှင့် ဗုဒ္ဓဟူးနေ့တွင် ရင်ဆိုင်ရန် အသင့်ရှိနေပြီ ဖြစ်သည်။

အဆိုပါ ပေါ်တူဂီ လက်ရွေးစင်သည် ပွဲအပြီးတွင် NBA ဘက်စကက်ဘော ကြယ်ပွင့် ရှာကွီလီ အိုနေးလ်၊ နာမည်ကျော် အဆိုတော် ဂျေလိုတို့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အကသမား ဗျူးကက်စ်စပါ စမတ်နှင့်လည်း ဓာတ်ပုံတွဲရိုက်ခဲ့သေးသည်။ ရော်နယ်လ်ဒိုသည် Follower သန်း(၂၀)ကျော် ရှိနေသည့် ၎င်း၏ Twitter Accountတွင် နာမည်ကျော် နှစ်ဦးနှင့် တွဲရိုက်ထားသော ပုံများကိုတင်ကာ "ကြည့်ကြပါ။ ကျွန်တော် ရှာကွီလီနဲ့ အတူရှိခဲ့တယ်။ ဂျေလိုကို တွေ့ရတာလည်း ပျော်ပါတယ်။ ပြီးတော့ ဗျူးစမတ်လည်း ပါတယ်"ဟု ရေးသားထားခဲ့သည်။

ရော်နယ်လ်ဒိုသည် ရီးယဲလ်တွင် လက်ရှိ ကစားနေသော်လည်း စပိန်ထိပ်တန်း ကလပ်အသင်းကြီးတွင် ကစားသမားဘဝ အဆုံးသတ်ချိန်ထိ ဆက်ရှိမည်ဟု မသေချာကြောင်း ဆိုသည်။ "ကျွန်တော် ရီးယဲလ်မှာပဲ ကစားသမားဘဝ ဆုံးခန်းတိုင်မယ်လို့ အတည်မပြုချင်ဘူး။ တခြားဘာကိုမှလည်း အတည်ပြုတာမျိုး မလုပ်ချင်ဘူး။ လောလောဆယ် ကျွန်တော့် အလုပ်ကိုပဲ ကျွန်တော် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်"ဟု ၎င်းက အမေရိကန် သတင်းထောက်များအား ပြောဆိုသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ