မွေးနေ့မတိုင်ခင် စင်ကာပူကို အနားယူဖို့သွားတဲ့ ချစ်သုဝေ


ချစ်သုဝေက သြဂုတ် ၂ ရက် နေ့မှာ အစ်မဖြစ်သူ ချစ်ဆုဝေ နဲ့အတူ စင်ကာပူကို တစ်ပတ်ကြာ အလည်အပတ်သွားရောက်မှာဖြစ် ပြီး သြဂုတ် ၁ဝ ရက်နေ့က သူ့ရဲ့ မွေးနေ့ဖြစ်တာကြောင့် အလုပ်တွေ ကို ခဏဖြတ်ပြီး အနားယူခြင်းဖြစ် တယ်လို့ဆိုပါတယ်။

"မွေးနေ့မတိုင်ခင် စိတ်ရော၊ လူရောနားပြီး အလုပ်တွေနဲ့ ခဏ လေးဖြတ်ပြီး စင်ကာပူကိုသွားဖို့ ရွေး လိုက်တယ်။ ဘန်ကောက်ကျရင် ကိုယ့်အလုပ်အတွက်စဉ်းစားတာနဲ့ အလုပ်အတွက် အင်္ကျီဝယ်ရတာ တွေရှိနိုင်တယ်။ စင်ကာပူကျတော့ အမျိုးလည်းရှိတယ်။
ကိုယ့်တူမလေး တွေလည်းရှိတယ်။ ထရီဇာ့တူမ အငယ်လေး နောက်တ စ်ယောက် ထပ်မွေးတယ်ဆိုတော့ သူတို့ကို လည်းတွေ့မယ်။ ထရီဇာ့ဘဝအတွက် အရေးပါတဲ့သူတွေအတွက် အချိန် လေးပေးမယ်။ အဲဒီအချိန်လေးမှာ ထရီဇာလည်း ပျော်ရမယ်လို့ထင် တယ်။
အားလပ်တဲ့အချိန်လေးကို ဇာတ်ကားရိုက်ကိုလည်း လက် မခံဘဲ သေသေ ချာချာသွား လိုက်တာ။ ဒီတစ်ခေါက် တစ်ပတ်ကြာအောင်နေ မယ်။ ၉ ရက်နေ့ညမှပြန်ရောက်မယ်" လို့ပြော ပါတယ်။ မွေးနေ့ဖြစ်တဲ့ သြဂုတ် ၁ဝ ရက်နေ့မှာတော့ ချစ်တဲ့ သူတွေနဲ့ အတူနေကာ မွေးနေ့ ကိုဖြတ်သန်း မှာ ဖြစ်ပြီး သြဂုတ် ၁၁ ရက်နေ့မှာတော့ အနုပညာအလုပ်တွေကို ပြန်လည် လှုပ်ရှားမှာဖြစ်တယ်လို့ ချစ်သုဝေက ပြောပါတယ်။ နှစ်စဉ် မွေးနေ့ရောက် တိုင်း Children Our Future အဖွဲ့နဲ့အတူ သွားရောက်လှူဒါန်း လေ့ရှိတဲ့ ချစ်သုဝေကဒီနှစ်မှာတော့ ဒီအဖွဲ့လှူမယ့်ရက်နဲ့ မတိုက်ဆိုင် တော့တာေ ကြာင့် သူတို့နဲ့အတူ မလှူဒါန်းဖြစ်တော့ဘဲ ချို့တဲ့တဲ့ ကျောင်းတစ်ခုကိုပဲ လှူဒါန်း ဖို့စုံစမ်း ခဲ့တယ်လို့ ပြောပါတယ်။ ဇူလိုင်လ ၃၁ ရက်နေ့မှာ တော့ ပဲခူး က ဘုန်းတော်ကြီးသင် ပညာသင် ကျောင်းကို လှူဒါန်းဖို့အတွက် သွား ရောက်ကြည့်ရှုဖြစ်ကြောင်းကိုလည်း ချစ်သုဝေက..

"ဒီနှစ်လေးမှာ ထရီဇာလုပ်ပေး နိုင်တာလေးကို ကောင်းကောင်းမွန် မွန်လေး လုပ်ပေးမယ်လို့ တွေးထား တယ်။ COF အဖွဲ့က သွားနေကျ ဆို တော့ ကျောင်းတွေအားလုံးလည်း ရောက်ဖူးတယ်။ ချို့တဲ့တဲ့ေ ကျာင်း လေးတွေ ထရီဇာစုံစမ်းလိုက်တော့ ပဲခူးဘက်က ဘုန်းတော်ကြီး စာသင် ကျောင်းရှိတယ်။ မိဘမဲ့ကလေးတွေ လည်းပါတယ်။ မိဘမဲ့ကလေး ၁ဝ ယောက်ကျော်လောက်ကိုလည်း မွေး ထားတယ်။ အဘိုး၊ အဘွားေ တွ၊ ဆွေမျိုးသားချင်းတွေ ဝိုင်းမွေးထား တဲ့ ကလေးတွေရှိတဲ့သူကိုလည်း
ကျောင်းထားပေးတယ်။ အနီးအနား က ပျံကျကလေးတွေကိုလည်း ကျောင်း ထားပေးထားတဲ့ ဘုန်းတော် ကြီးစာသင်ကျောင်းပေါ့။ အဲဒီ ကျောင်းေ လးက တော်တော်မရှိရှာ ဘူး။ ထရီဇာ တတ်နိုင်သလောက် တဖြည်းဖြည်း လုပ်ပေးသွားမယ်။ အခု ပထမဆုံးအဆင့်က အရင်ဆုံး လမ်းဖောက်မယ်။ လမ်းခင်းမယ်။ ဘုန်းဘုန်းကျောင်းဆောင်ကို ဆောက်မယ်။ ပြီးရင် ကလေးတွေ အတွက် ကျောင်းဆောင်သစ်တွေ တိုးချဲ့ပြီးလှူမယ်" လို့ပြောပါတယ်။

ခိုင်ဝေလွင်

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ