ကိုယ့်ဆန္ဒတစ်ခုတည်း လုပ်ချင်တိုင်း လုပ်လို့မရဘဲ အများနဲ့ စုပေါင်း ပြီး လုပ်နိုင်ရမယ်ဟု စိုးမြတ်သူဇာ ပြောကြား


အလုပ်တစ်ခုကို လုပ်ကိုင်တဲ့အခါ အောင်မြင်မှုရဖို့အတွက်ကတော့ အားလုံးနဲ့ အဆင်ပြေသဟ ဇာတဖြစ်ဖို့လိုအပ်တယ်လို့ ဆိုလာတဲ့ သူကတော့ စိုးမြတ်သူဇာပဲဖြစ်ပါ တယ်။"ဒီအလုပ်ကို လုပ်လာတဲ့အခါ ဘာသိလာလဲ ဆိုတော့ တစ်ဦးတစ်ယောက် တည်း ကိုယ့်ဆန္ဒတစ်ခုတည်းနဲ့ လုပ်ချင် တိုင်းလုပ်လို့မရဘူး။ မျှမျှတတတွေးပေးရ မယ်။ အများနဲ့ စုပေါင်းပြီး လုပ်နိုင်ရမယ်။ သူများရဲ့ အားနည်းချက်ကိုလည်း သည်းခံနိုင်ရမယ်။ ကိုယ့်ရဲ့အားသာ ချက်ဆိုပြီး ထောင်ထောင် လွှားလွှားနေလို့မရဘူး။ အားလုံးနဲ့ သဟဇာတဖြစ်အောင်နေနိုင်ရင်တော့ အောင်မြင်မှာပဲ။ ဒီ အလုပ်မှမဟုတ်ဘူး။ ဘယ်အလုပ်မဆိုပေါ့။ လုပ်ငန်းခွင် မှာမတည့်ဘူး၊ မပျော်ဘူးဆိုရင် ဘယ် အဆင်ပြေတော့မှာလဲ။ သဘောတရားကဒါပါပဲ" လို့ စိုးမြတ်သူဇာက အလုပ်နဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောပြပါတယ်။

ပရိသတ်ကတော့ ကားကောင်းရင် အားပေးပြီး ဟာသဆိုလည်း ပီပီပြင်ပြင်၊ ဒရာမာဆိုလည်း ပီပီပြင် ပြင်လုပ်နိုင်ရင် အားပေးမှာ ပဲဖြစ်ကြောင်း ပရိသတ်တွေ က အနုပညာသမားတွေကို ချစ်ပြီးသားပဲဖြစ်ကြောင်း စိုးမြတ်သူဇာက ပြောပါတယ်။

"ကိုယ်တွေဘက်က တင်ပြရတာပဲ အားနည်းနေတာက တအားများ တယ်။ တစ်ခါတလေကျရင် ကိုယ်လုပ်ပြချင် တာတွေက မလွယ်တာေ တွရှိတယ်။ မလွယ်ဘူးဆိုတာ ကလည်း လူတိုင်းက အယူအဆတွေ တူမှာပဲလေ။ ရိုက်ချက်တွေ၊ ရိုက်ပြချင်တာတွေက ဒါရိုက်တာ တွေဘက်မှာ အများကြီးရှိမယ်လေ။ တွေးထားတာနဲ့ လုပ်ဖြစ်တာနဲ့က ကွာခြားတတ်ေ သးတာကိုး။ အဲဒါကြောင့် ကိုယ့်ဘက်က တင်ပြမှုလေးတွေ အားနည်းနေ သလားလို့ ပရိသတ်တွေကို အားနာမိတယ်။ အရင်တုန်းကတော့ ကိုယ်လုပ်ချင်တာမျိုးဆိုတဲ့ စိတ် လေးရှိတယ်။ အခုအသက်လေး ရလာလို့လားမသိဘူး။ ဖြစ်နိုင်ခြေရှိတာလောက်ကိုပဲ ပျမ်းမျှတွေးတော့တယ်။ အခြေအနေ အချိန်အခါပေါ်မူတည်ပြီး စဉ်းစား ဆုံးဖြတ်ရတာဆိုတော့ အခုအချိန်မှာ ဖြစ်နိုင်ခြေ ရှိတာကိုပဲ အားလုံးနဲ့တိုင်တိုင်ပင်ပင်လုပ်ချင်တော့ တယ်" လို့ စိုးမြတ်သူဇာကဆိုပါတယ်။

မေမွန်မောင်

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ