ယာဉ်လိုင်းများ ပေါ်တွင် စီးနင်းလိုက်ပါ နှိုက်ယူလေ့ရှိသူ ခါးပိုက်နှိုက်အား ဖမ်းဆီးရမိ စစ်ဆေးရာမှ ခါးပိုက်နှိုက်မှု ဟောင်းများ ဖေါ်ထုတ်နိုင်


ရန်ကုန်၊ သြဂုတ် ၎

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂) မှတပ်ဖွဲ့ဝင်များသည် ၃၁.၇.၂၀၁၃ရက်နေ့တွင် ခါးပိုက်နှိုက်ဖမ်းဆီးရေးအတွက် အမှတ်(၄၅)ယာဉ်လိုင်းပေါ်တွင် စီးနင်းလိုက်ပါလာစဉ် လှိုင်မြို့နယ်၊ သံလမ်းမှတ်တိုင်အရောက် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ ရှိုင်းထက်အောင်(ခ)နှစ်တောင် (ဘ)ဦးသက်အောင်၊ တောင်သူကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူမှ ယာဉ်ပေါ်ပါခရီးသည် မိန်းကလေးတစ်ဦး၏ ကျောပိုးအိတ်အတွင်းမှ လက်ကိုင်ဖုန်းအား ၎င်း၏ ကျောပိုးအိတ်ဖြင့် အကာအကွယ်ပြုကာ နှိုက်ယူပြီး ဘောင်းဘီအိတ်အတွင်းထည့်နေစဉ် ဖမ်းဆီးရမိခဲ့သဖြင့် လှိုင်မြို့မရဲစခန်း (ပ) ၃၂၄/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ပြီး အခြားခါးပိုက်နှိုက်မှုများအား စစ်ဆေးဖေါ်ထုတ် ခဲ့ပါသည်။

၎င်းအားစစ်ဆေးခဲ့ရာ ၂၀၁၃ခုနှစ် ဇွန်လအတွင်းက အမှတ်(၁၈၈)လိုင်းယာဉ်ပေါ်တွင် စံရိပ်ငြိမ် မှတ်တိုင်၌ဆင်းသွားသော အမျိုးသမီးတစ်ဦးထံမှ Samsung GTS 5360 အမျိုးအစား ဖုန်း(၁)လုံး အားလည်းကောင်း၊ အမှတ်(၄၈)လိုင်းယာဉ်ပေါ်တွင် လှည်းတန်း မှတ်တိုင်၌ ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Huawei C 8650 အမျိုးအစားဖုန်း(၁)လုံးအားလည်းကောင်း၊ အမှတ်(၅၀)လိုင်း ယာဉ်ပေါ်တွင် ဆင်ရေတွင်းမှတ်တိုင်၌ဆင်းသွားသော အမျိုးသား တစ်ဦးထံမှ Samsung S3 CH အမျိုးအစားဖုန်း(၁)လုံးအား လည်းကောင်း၊ အမှတ် (၄၈)လိုင်းယာဉ်ပေါ်တွင် ဆင်ရေတွင်း
မှတ်တိုင်၌ ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Samsung I 930 အမျိုးအစား ဖုန်း(၁)လုံးအားလည်းကောင်း၊ အမှတ်(၄၅)လိုင်းယာဉ် ပေါ်တွင် စံရိပ်ငြိမ်မှတ်တိုင်၌ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Huawei T 8828 အမျိုးအစား ဖုန်း(၁)လုံးအားလည်းကောင်း၊ အမှတ်(၂၂၆)လိုင်းယာဉ် ပေါ်တွင် လှည်းတန်း မှတ်တိုင်၌ ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Huawei Y 210 အမျိုးအစား ဖုန်း(၁)လုံးအား လည်းကောင်းနှိုက်ယူခဲ့ပြီး ဆင်းကတ်များအား လွှင့်ပစ်ကာ ဟန်းဆက်များ ရောင်းချထားကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။

၎င်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းကလည်း အမှတ်(၂၂၆)လိုင်းယာဉ်ပေါ်တွင် သံလမ်းမှတ်တိုင်၌ ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Huawei G 510 အမျိုးအစား ဖုန်း(၁)လုံးအား
လည်းကောင်း၊ အမှတ်(၄၅)လိုင်းယာဉ်ပေါ်တွင် ဘာတာမှတ်တိုင်၌ ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Sony E16 i အမျိုးအစားဖုန်း (၁)လုံးအားလည်းကောင်း၊ အမှတ်(၄၈)လိုင်းယာဉ်ပေါ်တွင် သုခမှတ်တိုင်၌ ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Huawei C 8813 အမျိုးအစားဖုန်း(၁)လုံးအားလည်းကောင်း၊ ရွှေအင်းဝလိုင်းယာဉ်ပေါ်တွင် ဘူတာရုံမှတ်တိုင်၌ ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Huawei U8500 အမျိုးအစားဖုန်း(၁)လုံး အားလည်းကောင်း၊ အမှတ်(၂၂၆)လိုင်းယာဉ်ပေါ်တွင် ဘုရားလမ်း မှတ်တိုင်၌ ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Android M-2 အမျိုးအစား ဖုန်း(၁)လုံးအား လည်းကောင်း၊ အမှတ်(၄၅)လိုင်းယာဉ် ပေါ်တွင် အုတ်ကျင်းမှတ်တိုင်၌ ဆင်းသွားသောအမျိုးသားတစ်ဦးထံမှ Huawei C 8650 အမျိုးအစားဖုန်း(၁)လုံးအားလည်းကောင်း နှိုက်ယူခဲ့ပြီး ဆင်းကတ်များအားလွှင့်ပစ်ကာ ဟန်းဆက်များ ရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ သက်သေခံ ဟန်းဆက်များအား လိုက်လံသိမ်းဆည်းပြီး ၎င်းအား သက်ဆိုင်ရာ ကမာရွတ်မြို့မရဲစခန်း နှင့် လှိုင်မြို့မရဲစခန်းတို့တွင် အမှုများထပ်မံဖွင့်လှစ် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ