ပလတ်စတစ် ဆာဂျရီဆေးခန်း များနဲ့ ကိုရီးယား မင်းသမီး တို့ရဲ့ အမှုများ

အလှ အတွက် ဆိုရင် အသက်ကိုတောင် မမှုဘဲ ခွဲစိတ်ပြုပြင်တတ်ကြတဲ့ အနုပညာရှင်တွေ များတဲ့ တောင်ကိုရီးယားမှာ ပလတ်စတစ် ဆာဂျရီ ဆေးခန်းများနဲ့ အဲဒီမင်းသမီးတွေ အကြားဖြစ်တဲ့ အမှုတွေ၊ သူတို့ နှစ်ဖက်လုံးနဲ့ ဆိုင်တဲ့ စွပ်စွဲခံရမှု တွေဟာလည်း ပေါ်ပေါက်နေပါတယ်။

ပက်ဆီယွန်း၊ လီဆောင်ယွန်း၊ ဟွန်ယောင်း၊ ဂျန်နီအင်အေး တို့ကို ခွဲစိတ် ပြုပြင်ခြင်း အတွက် မဟုတ်ဘဲ Propofol များသုံးစေခဲ့လို့ ပလတ် စတစ်ဆာဂျရီ ဆေးခန်းများဟာ ရဲများရဲ့ ခေါ်ယူ စစ်ဆေးမှု ခံခဲ့ရပါတယ်။

ဇွန်လနောက်ဆုံးပတ် အတွင်းက ဆိုးလ် တရားရုံးရဲ့ စီရင်ချက် အရမှာတော့ အဆိုတော် ဘတ်ဂျီယောင်း ရဲ့ပုံကို သူမမသိဘဲ ကြော်ငြာဖို့ ယူသုံးခဲ့တဲ့ ပလတ်စတစ် ဆာဂျရီဆေးခန်းက ဘတ်ဂျီယောင်းကို ဝမ် ၅ သန်း လျော် လိုက် ရပါတယ်။ ဓာတ်ပုံတွေကို အနုပညာရှင် မသိဘဲ ယူသုံးတာဟာ သူ့ရဲ့မော်ဒယ် တစ်ယောက်အဖြစ် တန်ဖိုးကို ကျစေတယ်လို့လည်း တရားရုံးက ဆိုပါတယ်။

ယခင်ကလည်း အလားတူ ဖြစ်ရပ်မျိုး အတွက် မင်းသမီး နမ်ဂိုရီက တရားစွဲ ဆို ရာမှာ အနိုင်ရခဲ့ပြီး တရားစွဲခံရတဲ့ဆေးခန်းက ဝမ်းငါးသန်း (US$ 4320) ပေးလျော်လိုက်ရပါတယ်။

ဇင်မြင့်စံ
Yati Magazine

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ