လှပတဲ့အားကစားရဲ့ ရောင်စုံ ဥယျာဉ်သီချင်း Arrangement လုပ်ပေးခဲ့သူ ဓိရာမိုရ်နှင့် တွေ့ဆုံခြင်း

လှပတဲ့အားကစားရဲ့ရောင်စုံဥယျာဉ် သို့မဟုတ် ဆီးဂိမ်းသီချင်းများတွင် အောင်မြင်မှုအရဆုံး သီချင်းတစ်ပုဒ်မြန်မာတို့ရဲ့ ရိုးရာဂီတစောင်းသံတီးလုံး၊ ကျေးလက်ပလွေမှုတ်သံလေးနဲ့ စတင်ခဲ့တယ်။ အဲဒီနောက်မှာတော့ အနာဂတ်မျိုးဆက်သစ်လေးတွေဖြစ်တဲ့ ကလေးငယ်တွေရဲ့ တက်ကြွတဲ့လှုပ်ရှားဟန် လေးနဲ့ စတင်ခဲ့ပြန်တယ်။ ဒီနောက်မှာ အသံပါဝါကောင်းသလို ခွန်အားပြည့်တဲ့ ဘယ်သံပိုင်ရှင်ထူးအယ်လ်လင်းရဲ့'အိပ်မက်တွေဖန်တီးမယ်...ကမ္ဘာတစ်မိုးအောက်သူတွေ...ခွန်အားတွေရယ် အပြိုင်... အာရှရဲ့လက်များ... တို့မြန်မာလဲ...တစ်နေ့တော့...နေရောင်ထွန်းတောက်တဲ့အချိန်..ငါတို့တွေရဲ့ အားကစားတွေ...ကမ္ဘာ့အဆင့်မီစေ'အချီးနဲ့ ဆီးဂိမ်းသီချင်းက နားထောင် သူတွေရဲ့စိတ်ကို တက်ကြွလာစေခဲ့တယ်။ လှပတဲ့အားကစားရဲ့ ရောင်စုံဥယျာဉ်လို့ အမည်ရတဲ့ဒီသီချင်းက အညတရတေးရေးလင်းထက်ရဲ့လက်ရာကို နာမည်ကျော် ဂီတပညာရှင်ဓိရာမိုရ်က ထပ်မံ Arrangement လုပ်ပေးခဲ့တဲ့နောက် အခုချိန်မှာဆိုရင် ဆီးဂိမ်း(Theme Song)တစ်ပုဒ်ဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်လာခဲ့ပါတယ်။
ဒီလို ပရိသတ်တွေအကြိုက်ဆုံးဖြစ်လာတဲ့သီချင်းကို မြူးဇစ်ပိုင်းဆိုင်ရာဖန်တီးပေးခဲ့သူ ဦးမောင်မောင်ဇော်ထက်(အကယ်ဒမီဓိရာမိုရ်)နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - ပရိသတ်အများဆုံး ကြိုက်နှစ်သက်နေတဲ့ လှပတဲ့အားကစားရဲ့ ရောင်စုံဥယျာဉ်သီချင်းကို မြူးဇစ်ပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးဖန်တီး ဖြစ်ခဲ့တာပါလဲ။

ဖြေ - ဒီသီချင်းက စာသားရော သံစဉ်ပါ လင်းထက်ရေးထားတာပါ။ ဆီးဂိမ်းလှုံ့ဆော်ရေး သီချင်းရွေးချယ်တဲ့အထဲမှာ ပါဝင်ပါတယ်။ အဲဒီ သီချင်းငါးပုဒ်မှာ ဒီသီချင်းက ပထမရတယ်။ ရွေးချယ်ရေးအဖွဲ့ကနေပြီး ဒီသီချင်းရဲ့မြူးဇစ်ပိုင်း နဲ့ပတ်သက်လို့ ကျွန်တော်က တာဝန်ကျတယ်။ ဒီသီချင်းအကောင်းဆုံးဖြစ်အောင် စိတ်ကြိုက် လုပ်ခွင့်ရတယ်။ (ကွိုင်ရာ)အပိုင်းကို ဂီတမိတ်က ကိုမိုးနိုင်က ဆောင်ရွက်ပေးတယ်။

မေး - အချို့ပရိသတ်တွေက ဒီသီချင်းမှာ(ကွိုင်ရာ) ကလေးအသံတွေကများနေတယ်လို့ ဝေဖန်မှုတွေ ရှိနေတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေပြု လုပ်ဖို့ရှိပါသလား။

ဖြေ - ကျွန်တော့်အနေနဲ့ ဒီသီချင်းကို အ ကောင်းဆုံးဖြစ်အောင် စိတ်ကြိုက်လုပ်ရတဲ့အ တွက် ရှည်တယ်၊ တိုတယ်ဆိုတာမရှိပါဘူး။ အ ကယ်၍ ဒီသီချင်းကွှTheme Song သီချင်းအဖြစ် အရွေးချယ်ခံရရင် တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ သီချင်းဖြစ်တဲ့အတွက် အားလုံးနဲ့ ဝိုင်းဝန်းတိုင် ပင်ပြီး ဒီထက်ကောင်းအောင်လုပ်သင့်ရင် လုပ် လို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီသီချင်းနဲ့ ပတ်သက်တဲ့အချက်အလက်တွေ အပြည့်အစုံရှိ ပါတယ်။

မေး - ဆီးဂိမ်းပြိုင်ပွဲကို ဥရောပ၊ အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေက မီဒီယာတွေလာရောက်မယ် လို့သိရပါတယ်။ ဒီပြိုင်ပွဲကြီးကနေ မြန်မာအနု ပညာ(ဂီတ)အပိုင်းကို ဘယ်လိုမျိုးဖော်ထုတ်ဖို့ ရှိပါသလဲ။

ဖြေ - ကျွန်တော် ဒီသီချင်းကိုစပြီး တာဝန်ယူ ကတည်းက နိုင်ငံတကာကိုပြသနိုင်ဖို့ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်ပါတယ်။ ဒီသီချင်းကိုစပြီး နားထောင်တဲ့အခါမှာ ကာရိုက်တာမျိုးစုံရဲ့အသံ ကိုကြားရတယ်။ အဲဒီအတွက် မြန်မာ့ရိုးရာရော၊ အနောက်တိုင်းဩဂတ်စတာလိုမျိုးရော ခံ့ခံ့ညား ညားပါစေချင်တယ်။ ကလေးတွေဆိုတဲ့အသံ တွေလည်း ပါဝင်ချင်တယ်။ နောက်ပြီး ဒီသီချင်း ကိုနားထောင်တဲ့သူတိုင်းနဲ့ နိုင်ငံခြားသားတွေ ရော မြန်မာဆိုတဲ့ အသိတစ်ခုကိုပေးချင်တယ်။ မြန်မာနိုင်ငံရဲ့ဂီတအဆင့်အတန်းကို နိုင်ငံတကာ က စိတ်ဝင်စားနေတဲ့အချိန်မှာ ဆီးဂိမ်းကနေ တစ်ဆင့် ပြသတာဖြစ်ပါတယ်။

မေး - ဆီးဂိမ်း Theme Song အတွက် ကိုယ်ပိုင် သံစဉ်အပုဒ် ၃၀၀ ဝင်ရောက်ရွေးချယ်ခံခဲ့ကြတယ်။ အာဆီယံနိုင်ငံတွေမှာ မြန်မာနိုင်ငံရဲ့ဂီတအဆင့် အတန်းက ဘယ်လိုအခြေအနေမှာရှိပါသလဲ။

ဖြေ - ဒီသီချင်းပြိုင်ပွဲလုပ်တဲ့အချိန်မှာ ဝင်ပြိုင် တဲ့သူတွေ အများကြီးဖြစ်တဲ့အတွက် ဖန်တီးနိုင် တဲ့သူတွေရှိတယ်လို့ပြောလို့ရပါတယ်။ တခြား အာဆီယံနိုင်ငံတွေမှာ ဒီလိုမျိုးပြိုင်ပွဲလုပ်မယ်ဆို ရင်တောင် မြန်မာနိုင်ငံက ဖန်တီးနိုင်တဲ့သူတွေ အများဆုံးလို့ ပြောလို့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ဂီတအဆင့်အတန်းနဲ့ပတ်သက်ပြီး ပြောရရင် ခေတ်အဆက်ဆက် ဂီတကိုဖန်တီးခဲ့တဲ့ ပညာ ရှင်တွေအနေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုး စားနေကြတဲ့သူတွေချည်းပါပဲ။ နိုင်ငံတကာအ ဆင့်ကိုသွားနိုင်ဖို့ကလိုနေသေးတယ်။ ဖြတ်သန်း ရတဲ့လမ်းကြောင်းအဆင့်ဆင့်ကလည်း နိုင်ငံ တကာနဲ့ယှဉ်ရင် အားနည်းနေသေးတယ်။

မေး - ဆီးဂိမ်းပြိုင်ပွဲဖွင့်ပွဲမှာ ဒီသီချင်းကို သီဆို ဖို့ရှိပါသလား။ ပြိုင်ပွဲကျင်းပမယ့်နေရာ လေးခုမှာ ရော တင်ဆက်မှာပါလား။

ဖြေ - ဆီးဂိမ်း Theme Song ဆိုရင်တော့ ဒီသီ ချင်းက မဖြစ်မနေပါဝင်ရမှာပါ။ ပြိုင်ပွဲကာလ အတွင်းအသုံးပြုမယ်။ နေရာလေးခုစလုံးမှာ တင် ဆက်မလားဆိုတာတော့ မသိသေးပါဘူး။

မေး - ဆီးဂိမ်းမှာ ဂီတအပိုင်းနဲ့ပတ်သက်ပြီး တာဝန်ယူထားတယ်လို့သိရပါတယ်။ ဘယ်အပိုင်း တွေကို ဆောင်ရွက်ဖို့ရှိပါသလဲ။

ဖြေ - ဆီးဂိမ်းမှာ ဖျော်ဖြေရေးအစီအစဉ်အ ဖြစ် ဖွင့်ပွဲ၊ ပိတ်ပွဲမှာပါတဲ့ တေးဂီတအစီအစဉ် တွေအများကြီးရှိတယ်။ စတိတ်ရှိုး၊ စစ်ရေးပြ၊ လူတွေထောင်ချီပြီး သရုပ်ဖော်တဲ့အစီအစဉ်တွေ မှာ ဂီတအပိုင်းကို တာဝန်ယူထားတယ်။ အတီး ပိုင်းရော၊ အခြားအဖွဲ့တွေရော တရုတ်ကပညာ ရှင်တွေနဲ့ပေါင်းပြီး Orgnaise လုပ်နေပါတယ်။

မေး - အင်ဒိုနီးရှားဆီးဂိမ်းမှာ သူတို့နိုင်ငံတော် သီချင်းကို အဆိုတော်၁၀ဝခန့်သီဆိုတာကို တွေ့ ရပါတယ်။ ဒီမှာရော အဆိုတော်တွေနဲ့သီဆိုဖို့ ရှိပါသလား။

ဖြေ - တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဖျော်ဖြေရေးအကြံ ဉာဏ်တွေ မတူညီနိုင်ပါဘူး။ ဒီမှာလည်း နိုင်ငံ တော် အလံတင်အခမ်းအနားပါတယ်။ အဆိုရှင် တွေအများကြီးနဲ့ နိုင်ငံတော်သီချင်းကိုသီဆိုတဲ့ အစီအစဉ် လောလောဆယ်မရှိသေးပါဘူး။ စိတ် ဝင်စားစရာအစီအစဉ်တွေ အများကြီးပါဝင်ပါ တယ်။ နောက်တစ်ခုက ဖျော်ဖြေရေးအစီအစဉ် နဲ့ပတ်သက်ပြီး ဘယ်နိုင်ငံကမှ ထုတ်ဖော်ပြောပြ လေ့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ဝင် တစားကြည့်ရှုနေတဲ့ ပရိသတ်တွေကို အံ့ဩစေ ချင်လို့ပါ။

မေး - ဆီးဂိမ်းဖွင့်ပွဲကျင်းပမယ့် ဝဏ္ဏသိဒ္ဓိကွင်းကို လုံခြုံရေး အလွန်တင်းကျပ်မယ်လို့သိရပါတယ်။ ပြည်ထောင်စုဖလားတုန်းကလည်း ဒီလိုမျိုးဆောင် ရွက်ခဲ့တဲ့အတွက် အဆင်မပြေမှုတွေအများကြီးရှိ ခဲ့တယ်။ အဲဒီအပေါ်မှာ ဘယ်လိုမျိုးမြင်ပါသလဲ။

ဖြေ - လုံခြုံရေးနဲ့ပတ်သက်ပြီး ကျွန်တော် ကျွမ်း ကျင်တဲ့အပိုင်းမဟုတ်ပေမယ့် တာဝန်ရှိတဲ့လူကြီး တွေအနေနဲ့ ဒီအချက်ကို အလေးအနက်ထားပြီး စဉ်းစားမယ်လို့ယုံကြည်ပါတယ်။ အလွန်တင်း ကျပ်လွန်းရင်လည်း မကောင်းပါဘူး။ လျော့နည်း ရင်လည်း မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာ နိုင်ပါတယ်။

ညီသစ်လူ တွေ့ဆုံမေးမြန်းသည်။ Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ