ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဌ နှင့်တွေ့ဆုံ

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ် ရှင် ဖြစ်မြောက်ရေးအဖွဲ့ အဖွဲ့ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးမော်လင်း ၊ ဦးမင်းထင်ကိုက...ိုကြီး ၊ ဦးလူမင်း၊ ကိုဝိုင်း ၊ ဒေါ်အိအိခိုင် ၊ မကြည်ဖြုသျှင် ၊ မထွန်းအိန္ဒြာဗို တို့နေပြည်တော် ၌ ရုပ်ရှင်ဇာတ်ကား နှင့် ပတ်သတ်၍ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည် ။

အဖွဲ့ဝင်များ၏ ပြီးစီးခဲ့သော သရုပ်ဆောင်ရွေးချယ်ခြင်း ကိစ္စ ၊ ဇာတ်ညွှန်းကိစ္စ တို့ ကို တင်ပြဆွေးနွေးခဲ့ပြီး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် နိုင်ငံတကာ ရုပ်ရှင် ကုမ္မဏီ တို့နှင့် ချိတ်ဆက်ပြီး ပူးပေါင်းလုပ်ဆောင်ရန် ကိစ္စ တို့ကို ဆွေးနွေးခဲ့ကြသည် ။ လာမည့် စက်တင်ဘာ လတွင် လည်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည် နှင့် အဖွဲ့ဝင်တို့ ထပ်မံ တွေ့ဆုံ ဆွေးနွေး မည် ဖြစ်ကြောင်း ဗိုလ်ချုပ်အာင်ဆန်းရုပ်ရှင် ဖေ့ဘုတ်တွင်ရေးသားဖော်ပြထား သည်။

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ