ဘေးလ်ကိုခေါ်ယူရန် မလိုအပ်ကြောင်း ရီးယဲလ်ကစားသမား အများစု ပြောကြား

ရီးယဲလ်သည် ဘေးလ်ကို ခေါ်ယူနိုင်ရန် မသေချာသေးသော်လည်း ရီးယဲလ် ကစားသမားများက ၎င်းတို့ အနေဖြင့် ဘေးလ်ကို ထပ်မံ မလိုအပ်ဟု ယုံကြည်နေကြောင်း Marcaက ဖော်ပြသွာ...းသည်။

ရီးယဲလ်မက်ဒရစ် ကစားသမား အများစုက ဂါရတ်သ်ဘေးလ်ကို ခေါ်ယူရန် မလိုအပ်ဟု နည်းပြ ကာလို အန်ဆလော့တီကို ဆွေးနွေး ပြောဆိုခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ စပိန်ထိပ်တန်း ကလပ်အသင်းကြီး သည် တော့တင်ဟမ် ဟော့စပါး အသင်းမှ ဝေလ လက်ရွေးစင်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ကမ်းလှမ်း ခေါ်ယူ သွားမည်ဟု သတင်းကြီးနေသည်။ အသက်(၂၄)နှစ်ရှိ ဘေးလ်သည် ပြီးခဲ့သည့် ရာသီက ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူး ရယူနိုင်ခဲ့သူလည်း ဖြစ်သည်။ ရီးယဲလ်သည် ဘေးလ် ကို ခေါ်ယူနိုင်ရန် မသေချာသေးသော်လည်း ရီးယဲလ် ကစားသမားများက ၎င်းတို့ အနေဖြင့် ဘေးလ်ကို ထပ်မံ မလိုအပ်ဟု ယုံကြည်နေကြောင်း Marcaက ဖော်ပြသွားသည်။

ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်နှင့် အားကစား ဒါရိုက်တာ ဇနီဒင်း ဇီဒန်းတို့က ဘေးလ်ကို စိတ်ဝင်စားနေသည့်တိုင် ကီရင်ဘန်ဇီးမား၊ အိန်ဂျယ်လ်ဒီမာရီယာနှင့် မီဆွတ်အိုဇေးလ် အစရှိသည့် စီနီယာ ကစားသမားများက ယင်းအစီအစဉ်ကို ဆန့်ကျင်နေကြောင်း သိရသည်။ လက်ရှိ ရီးယဲလ်၏ ကြယ်ပွင့် ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒို ကိုယ်တိုင်သည်လည်း ဘေးလ်တစ်ယောက် ဘာနေဗျူး ရောက်ရှိ လာမည်ကို လိုလားဖွယ် မရှိကြောင်း သတင်းများက ရေးသားလျှက် ရှိသည်။

ဘေးလ်နှင့် ပတ်သက်ပြီး ရော်နယ်လ်ဒိုအား သတင်းထောက်များက မှတ်ချက် တောင်းခံခဲ့ရာ ပေါ်တူဂီ လက်ရွေးစင် ကစားသမား က ဘေးလ်ကို ခေါ်ယူမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာလည်း ကိုယ်ပိုင်အမြင် တစ်ခုတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် ထုတ်ပြောနေမှာတော့ မဟုတ်ဘူးဟု ပြောကြားသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ