ပေ၄၀အနက်ချောက်ကမ်းပါးသို့ကားဖြင့်ကျသော်လည်းမသေ

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်မှ အမျိုး သားတစ်ဦးသည်မော်တော်ယာဉ် မောင်းနှင်ရင်း စန်တီယေဂိုရှိ ပေ ၄၀ အမြင့်တောင်ကမ်းပါးယံမှ ပင်လယ်ကွေ့ငယ်အတွင်းသို့ကျ ရောက်သွားခဲ့သဖြင့်ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း စန်တီယေဂိုမီးသတ်ဌာနမှအေဘီစီ သတင်းဌာနသို့ပြောကြားလိုက် သည်။

ထိုသူတွင်အသေးစားဒဏ်ရာ များသာရရှိသွားခဲ့ကြောင်း မီးသတ်ကယ်ဆယ်ရေးဌာန၏ လူထုဆက်သွယ်ရေးအရာရှိ မောရစ်လူကွီကပြောကြားလိုက် သည်။

အာဏာပိုင်များက ထိုသူ၏ အမည်နာမအားထုတ်ဖော်ပြောကြား ခြင်းမရှိဘဲအေဘီစီသတင်းဌာနက လည်းထိုသူ၏လက်ရှိအခြေအနေ နှင့် ဒဏ်ရာအခြေအနေများကို ဆေးရုံမှရရှိနိုင်ခြင်းမရှိခဲ့ပေ။ နံနက် ၅ နာရီ ၄၅ မိနစ် တွင်မီးသတ်ကယ်ဆယ်ရေးဌာနသို့ ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုပြီး ကား တစ်စီးသည်တောင်ကမ်းပါးယံမှ ကျ၍ပင်လယ်ကမ်းခြေသို့ရောက် ရှိသွားကြောင်း သတင်းပေးပို့မှုရ ရှိခဲ့သဖြင့် မီးသတ်ကယ်ဆယ်ရေး ဌာနသည်ကမ်းခြေသို့ဆေးအကူအညီ ပေးရေးအဖွဲ့တစ်ဖွဲ့ကို ချက်ချင်း စေလွှတ်ခဲ့ကြောင်း လူကွီကပြော ကြားသည်။

ပထမတွင်ထိုသူမှာစေလွှတ် လိုက်သောကယ်ဆယ်ရေးအဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်လိုစိတ် မရှိဘဲ ရန်လိုလျက်ရှိကြောင်း၊ ထိုနောက်တွင်မှ ကယ်ဆယ်ရေး အဖွဲ့က ထိုသူအားထိန်းချုပ်နိုင်ပြီး ဆေးရုံသို့ပို့ဆောင်နိုင်ခဲ့ကြောင်း လူကွီကဆက်လက်ပြောကြား သည်။

စန်တီယေဂိုရဲတပ်ဖွဲ့ကမူ ထိုသူသည် နောက် ၄၈ နာရီ အတွင်းပြန်လည်ရရှိမည်ဟုမျှော်လင့် ရသော ပုံမှန်သွေးလည်ပတ်မှု မရရှိမီအတွင်းမူးယစ်နေဦးမည်လား ဟူသည်ကို မပြောနိုင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ စန်တီယေဂိုရဲတပ်ဖွဲ့သည် ထို ဖြစ်စဉ်နှင့် ပတ်သက်၍စုံစမ်းစစ် ဆေးမှုများလည်း ပြုလုပ်လျက်ရှိ သည်။

Hot News Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ