ပွဲပျက်ခဲ့သော်လည်း ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းများအရ ရန်ကုန်ကို အနိုင်ပေးခဲ့

ကွင်းပေါ်ရှိ ပရိသတ်များက ခုံများကို ဤသို့ ကွင်းအတွင်း ပြစ်သွင်း ခဲ့ကြသည်

ယမန်နေ့ ညနေက ကျင်းပခဲ့သည့် နေပြည်တော် အသင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့၏ ပွဲတွင် ခိုက်ရန် ဖြစ်ပွားမှုများကြောင့် ပွဲချိန် (၃၇)မိနစ် အရောက်တွင် ပွဲကို ရပ်နားခဲ့ရရာ ထိုသို့ ရပ်နားခဲ့ရသည့် အတွက် ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းများ အတိုင်း ရန်ကုန် ယူနိုက်တက် အသင်းကို အနိုင်ပေးလိုက်ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းများ အနက်မှ ပြိုင်ပွဲရပ်စဲခြင်း စည်းမျဉ်း အမှတ်(၂၈) အပိုဒ်ခွဲ(ဂ) အရ ပြိုင်ပွဲမရပ်မီ ရှိနေခဲ့သော ရလဒ်အတိုင်း ပွဲကို ပြီးဆုံးစေခဲ့ရာ ပွဲမရပ်နားမီတွင် ဆီဇာ၏
ပင်နယ်တီ သွင်းဂိုး (၁)ဂိုးဖြင့် အနိုင်ရနေခဲ့သည့် ရန်ကုန် ယူနိုက်တက်မှာ ထိုပွဲကို (၀-၁)ဂိုးဖြင့် အနိုင်ရသည်ဟု သတ်မှတ်ခြင်း ခံခဲ့ရသည်။ အခြား ဆက်စပ် သတင်းတစ်ပုဒ် အရ
နေပြည်တော်နှင့် ရန်ကုန်တို့၏ ပွဲချိန်အတွင်း ဖြစ်ပွားခဲ့သည့် ရန်ပွဲတွင် ပါဝင်ပတ်သက်ခဲ့သူများ အားလုံးကို စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ အရေးယူမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း
သိရသည်။ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ကစားသမားချင်း ရန်ပွဲဖြစ်ပွားမှုမျိုး တစ်ကြိမ်သာ ရှိခဲ့ပြီး ထိုစဉ်က ပါဝင်ခဲ့သည့် ကစားသမားများမှာ ပွဲပယ် ပြစ်ဒဏ်ကို (၉)ပွဲအထိ ချမှတ်ခံခဲ့ရ ဖူးရာ ယခုတစ်ကြိမ်တွင်လည်း ထိုထက်မလျော့သော ပြစ်ဒဏ်များကို ချမှတ်ခံရဖွယ် ရှိနေသည်။

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ