ပြည့်တန်ဆာ အမျိုးသမီးနှင့် အတူပါ အမျိုးသားတို့မှ ပူးပေါင်း၍ လုယက်မှုကျူးလွန်

ရန်ကုန်၊ သြဂုတ် ၁၉

၁၇.၈.၂၀၁၃ ရက်နေ့ ၂၂၀၀ အချိန် လှိုင်မြို့နယ်နေ ဦး----- သည် သီရိမင်္ဂလာဈေးသစ်အနီးရှိ နန်းထိုက်တော်ဝင်ဘီယာဆိုင်၌ ဘီယာသောက်ပြီးဆိုင်မှပြန်ထွက်စဉ် မလှမ်းမကမ်းတွင် တွေ့ရသည့်
ပြည့်တန်ဆာမိန်းကလေးတစ်ဦးအားပျော်ပါးရန် ခေါ်ယူခဲ့ရာ ၎င်းမိန်းကလေးနှင့်အတူ အမည်မသိ အသက်(၂၀)ကျော်ခန့်ရှိ အမျိုးသား(၂)ဦးလည်းအတူလိုက်ပါခဲ့ကာ အငှားယာဉ်ဖြင့် တည်းခိုခန်း
အားလိုက်လံရှာဖွေခဲ့ပါသည်။

ထိုသို့တည်းခိုခန်းအား လိုက်လံရှာဖွေခဲ့ရာမှ လှိုင်သာယာမြို့နယ်၊ စက်မှုဇုံသို့အရောက် ဦး---နှင့် မိန်းကလေးသည် ယာဉ်ပေါ်မှဆင်းကာ လမ်းဘေး၌ အပေါ့သွားနေစဉ် အတူလိုက်ပါလာသည့် အမျိုးသား(၂)ဦးမှ ဦး---- အား ဆောင့်တွန်း၍ လွယ်ထားသည့်အနက်ရောက်ဘေးလွယ်
အိတ်အား လုယူထွက်ပြေးသွားခဲ့ပါသည်။

အိတ်အတွင်း၌ ငွေကျပ်(၂)သိန်းကျော်ခန့်၊ လက်ကိုင်ဖုန်း(၁)လုံး၊ ယာဉ်မောင်းလိုင်စင်(၁)ခု၊ ဘဏ်ငွေ ထုတ်ကဒ်(၁)ခုတို့ ပါဆုံးသွားခဲ့ပြီး ဆောင့်တွန်းခံရ၍ ဦး--- တွင် ၀ဲနားထင်၊ဒူးနှစ်ဖက် တို့တွင်ပွန်းပဲ့ဒဏ်ရာ
များရရှိခဲ့သဖြင့် ၁၈.၈.၂၀၁၃ ရက်နေ့တွင် သောင်ကြီးနယ်မြေရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့သဖြင့်(ပ)၄၈၁/၂၀၁၃၊ ပုဒ်မ ၃၈၂/၁၁၄ ဖြင့် အရေးယူ စုံစမ်းဆောင် ရွက်ခဲ့ပါသည်။

အမှုမှတရားခံများ ဖမ်းဆီးရမိရေးအတွက် သောင်ကြီးနယ်မြေရဲစခန်းမှူး
နှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ခဲ့ရာ လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်နေသူများဖြစ်သည့် ကျော်နိုင်(ခ)ကုလားလေး၊
ကျော်မင်းသန့်(ခ)ရဲမင်းသူ နှင့် မသင်းသင်းအေး(ခ)တောသူမတို့ (၃)ဦးမှပူးပေါင်းကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများ သိမ်းဆည်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ